အပိုင်း-၁၁၅(ဒေါသလွတ်ထွက်သွားသည်။)

1.8K 203 2
                                    

UNICODE

Translator- HMM Editor- Aster

ထန်းမိုက အသက် ၁၅ နှစ်တွင် ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ပြီးပြည့်စုံသောရမှတ်များ ရနိုင်သည်ကို သိထားခြင်းဖြင့် သူမ၏ ထူးကဲသော ဉာဏ်ရည်သည် ငယ်စဉ်ကပင် ပြသခဲ့ပြီးဖြစ်သည်။

သူမက ကျီရှားအကယ်ဒမီက ခေါ်ဆောင်ခံရလောက်အောင် ထူးခြားသည်။ ဒါက အဓိပ္ပါယ်ရှိ၏။ လူတိုင်းကလည်း ဒီအကြောင်းပြချက်ကို ယုံကြည်ကြသည်။

ဆရာမဟုန်က အဖွဲ့အား စစ်ရေးလေ့ကျင့်မှုအစီအစဉ်များအကြောင်း ပြောပြသည်။ ကျောင်းစတက်ဖို့ အကြောင်းကိုတော့ စစ်ရေးလေ့ကျင့်မှုပြီးတဲ့အထိစောင့်ရမည်ဖြစ်သည်။

သိပ်မကြာခင်မှာပဲ အတန်းပြီးသွားတော့ ကျင်းယွဲ့လင်နှင့် မုန့်ယွီရှီတို့က ထန်းမိုကို ဦးအောင် ရှာပြီး အဆောင်သို့ တူတူပြန်လာကြသည်။ လင်းဖူရှီကပါ တူတူလိုက်လာမယ်လို့ ထန်းမို မထင်ထားခဲ့ပေ။

လင်းဖူရှီက အရမ်းကို မချင့်မရဲဖြစ်နေသည်။ အတန်းအစမှာ သူမက အတန်းခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီးတော့ သူမက ပညာသင်ဆုအပြည့်ရရှိကြောင်း လူတိုင်းကသိသောကြောင့် သူမကဂုဏ်ယူနေမိသည်။
သူမကသာ အာရုံစိုက်မှု အများဆုံးခံရသင့်သည်။

ထန်းမိုက ဒီလိုလှည့်စားခဲ့မည်လို့ ဘယ်သူက ထင်ထားပါ့မလဲ?

သူမပြောမယ့်စကားကို မျိုသိပ်ထားပေမယ့်လည်း သူတို့အဆောင်အခန်းကို လေးယောက်သားပြန်ရောက်သည်နှင့် သူမက မေးလာ၏။ "ထန်းမို နင်က ဂုဏ်ထူးတွေအများကြီဂ ရထားတာပဲ။ ဘာလို့ ငါတို့ကို ဒီအကြောင်းတွေ မပြောပြခဲ့တာလဲ?"

ပြီးနောက် သူမက ထပ်ပေါင်းပြောလာသည်။ "ငါတို့ မမေးလို့ နင်မပြောတာလို့တော့ မပြောနဲ့"

သူမက ထန်းမိုကို ပြင်းပြင်းထန်ထန်မေးသည့်ပုံပေါ်သောလည်း သူမရဲ့ နူးညံ့သည့်အသံကြောင့် သူမသာလျှင် ခံရတဲ့သူပုံပေါ်နေ၏။

"မနေ့က နင်ရောက်လာတဲ့အချိန်မှာ ငါတို့က ကိုယ့်ကိုကိုယ်မိတ်ဆက်ပြီး ငါတို့ရဲ့ပြည်နယ်တွေမှာ အဆင့်သတ်မှတ်ချက်တွေအပါအဝင် သက်ဆိုင်ရာအခြေအနေတွေကို ပြောပြခဲ့ပြီး ပညာသင်ဆုအပြည့်ရထားတယ်လို့လည်း ပြောပြခဲ့တယ်။" လင်းဖူရှီက ထိခိုက်နစ်နာဟန်ဖြင့် ဆက်ပြောလာသည်။ "ဒါပေမယ့် နင်ကျတော့ နင့်နာမည်နဲ့ မြို့တော်B ကဆိုတာရယ်က လွဲပြီးတော့ဘာမှ မပြောဘူး။"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now