Chapter 124: သူ့ဦးနှောက်နဲ့ ဘေဂျင်းတက္ကသိုလ်ကို ဘယ်လို ဝင်လာတာလဲ?

1.2K 120 0
                                    

UNICODE
Translator- Th Editor- Aster

ဝေကျီချင်ကသူ့အားဒေါသထွက်နေကြောင်း သူသိလေသည်။

သို့ပေမယ့် ဝေကျီချင်၏တူတစ်ယောက်ဖြစ်ပြီး သူပို့လိုက်သည့် အအေးတစ်ပုလင်းတောင် မ‌သောက်လိုက်ရဘူးဆိုတာကို သူ့အတန်းဖော်တွေသာသိသွားရင် ဒါကအတော်လေး အရှက်စရာဖြစ်သွားပေလိမ့်မည်။

"မရပါဘူး" အိမ်တော်ထိန်းကျိုးကပြုံး၍ ခေါင်းခါလိုက်သည်။ "သခင်လေးကအဲ့လိုမှာထားလို့ပါ။ မမလေးမိုမိုနဲ့ သူ့အတန်းဖော်တွေအတွက်ပဲ ဆိုပြီးမှာထားတာပါ"

ဝေ့ကဲလီ:"..."

ဒါက တမင်သက်သက် ဝေကျီချင်က သူ့မျက်နှာကိုဖြတ်ရိုက်တာမှန်း သူသဘောပေါက်လိုက်သည်။

ကြည့်ရ‌တာတော့ ထန်းမိုကို သူမဖြစ်မ‌နေ တောင်းပန်ရ‌တော့မယ့်ပုံပဲ။

အိမ်တော်ထိန်းကျိုးရောက်ရှိလာခြင်းက ထန်းမိုနဲ့ဝေကျီချင်ကြား ဆက်ဆံရေးဘယ်လာက်ကောင်းလဲ ဆိုသည်အား လူတိုင်းကို သဘောပေါက်သွားစေသည်။

အိမ်တော်ထိန်းကျိုးကို ဝေ့ကဲလီ‌လေးလေးစားစားဆက်ဆံပုံကို ကြည့်ခြင်းအားဖြင့် ဝေမိသားစုမှာ အိမ်တော်ထိန်းကျိုးက‌ သေချာပေါက်အရေးပါ‌ လောက်မည်ဆိုသည်ကို သူတို့သိသွားခဲ့သည်။

ဒါပေမယ့် ဒီလိုအရေးပါသည့်လူက ထန်းမိုနဲ့ပိုပြီးရင်းနှီးနေလေသည်။

တကယ်တော့ သူ ဝေ့ကဲလီကို ဆက်ဆံပုံက အ‌တော်လေးကွဲပြားလေသည်။

ဝေကျီချင် ပို့လိုက်သည့် အအေးတွေ ဝေကျီချင်ပို့လိုက်သည့် ရေခဲမုန့်တွေကို ဘဏ္ဍာရေးအခန်း ၁က လူတွေစားသောက်နေကြတာကိုကြည့်ရင်း ဝေ့ကဲလီစိတ်ထဲဝယ်မတင်မကျဖြစ်နေသည်။

အဲ့လိုနဲ့ပဲ မွန်းလွဲပိုင်းလေ့ကျင့်ရေးတစ်ခုလုံး သူ့စိတ်ထဲလေးနေလျက်နှင့်ပင် ပြီးဆုံးသွားခဲ့သည်။

"မိုမို!" ဝေ့ကဲလီက ဟဲဝေချန်နဲ့ တစ်ခြား‌လူကို ဂရုစိုက်မနေနိုင်တော့ပေ။ထန်းမိုကိုအလျင်မှီနိုင်အောင်ပဲ သူလောနေသည်။

သူက ထန်းမိုဘေးမှာ တူတူလမ်းလျောက်နေကြသည့် ကျင်းယွဲ့လင် နှင့် မုန့်ယွီရှီကို ကြည့်ကာ ထန်းမိုကိုပြောလိုက်သည်။ "မိုမို ငါ မင်းနဲ့နှစ်ယောက်တည်း စကားပြောလို့ရမလား?

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါNơi câu chuyện tồn tại. Hãy khám phá bây giờ