Chapter 164: Lots of Nerve

213 37 0
                                    

UNICODE

Translator - Th editor- Aster

"ပါမောက္ခကုက သူ့အတန်းမှာလက်ခံလိုက်တဲ့‌ ကျောင်းသူအသစ်တစ်ယောက်ပါ။ သမီးက တစ်ခြားကျောင်းသားတွေနဲ့ယှဉ်ရင် အတွေ့အကြုံတွေလိုအပ်နေသေးတာမို့ သမီးအများကြီးသင်ယူဖို့ လိုအပ်တယ်လေ" ထန်းမိုကကျိုးနွံစွာဖြင့်ပြောလိုက်သည်။ "သမီးလျှောက်ရမဲ့လမ်းက အရှည်ကြီးကျန်သေးတယ်လို့ ပါမောက္ခကုကအမြဲပြောလေ့ရှိတယ်။ သူကသမီးကိုပိုပိုပြီးလေ့လာသင်ယူဖို့ အမြဲတွန်းအားပေးနေတာ"

ဘေကျင်းတက္ကသိုလ်မှလူများ:"...'

ပါမောက္ခကု:"..."

ငါတို့ထန်းမိုကိုအထင်မှားနေခဲ့တာလား?

ဒီကလေးမလေးကသိုးရေခြုံထားတဲ့ဝံပုလွေလိုသရုပ်ဆောင်တဲ့နေရာမှာတကယ်တော်တာပဲ?

သို့ပေမဲ့ဒီအချိန်လေးမှာ ထန်းမိုဆီအော်ဟစ်အားမပေးမိအောင် ပါမောက္ခကုက ခက်ခက်ခဲခဲထိန်းချုပ်နေရသည်။

'ကောင်းလိုက်တဲ့သရုပ်ဆောင်ချက်'

'ငါ့ရဲ့ထန်းမိုလေး သမီးအစွမ်းကုန်သုံးပြီးသူတို့လှည့်စားပစ်လိုက်စမ်းပါ!'

ဝမ်ယွဲ့မူနဲ့တစ်သင်းလုံးကတော့ ထန်းမိုဆီကြည့်မိကြတော့သည်။ သူတို့ကြားလိုက်ရတာကို သူတို့မှမယုံနိုင်ပဲ။

ထန်းမိုရဲ့တကယ့်အစွမ်းအစတွေကို သူတို့သာမသိထားပါက သူမအပြောတွေကြားမှာ ​မျောသွားမှာသေချာသည်။

သူတို့ရဲ့မျက်စိရှေ့တည့်တည့်မှာပင် ထန်းမိုကသူမရဲ့မျက်နှာ‌လေးပေါ်မှာ နုနုယွယွသိမ်သိမ်မွေ့မွေ့အပြုံးလေးကိုချိတ်ဆွဲလိုက်တာဖြစ်သည်။ သူမစကားပြောနေတာကလည်းသိပ်အလျင်လိုမလိုပဲ အလွန်တရာမှညင်သာလှသည်။ ပြီးတော့တစ်ချိန်တည်းမှာပဲ သူမက‌ပါမောက္ခလျိုကို လှည့်စားမည့်စကားတွေဆိုနေ‌တော့သည်။

ဘယ်လောက်သတ္တိရှိတဲ့ကောင်မလေးလဲ?

သူမက ပါမောက္ခကုရဲ့မျက်နှာရှေ့တည့်တည့် သူ့ပိုင်နက်အလည်မှာပင် လိမ်လည်လှည့်ဖြားနေသည်။

ဝမ်ယွဲ့မူနဲ့အဖွဲ့သားတွေကတော့ လူ့ဘဝကြီးကိုတောင်စပြီးသံသယဝင်မိတော့သည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now