UNICODE
"နင်က သူမရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို မရိုက်ချနိုင်မှတော့ ဒီတိုင်းပဲသဘောတူလိုက်" ထန်းမိုက ဉာဏ်များသည့်အပြုံးလေးပြုံးပြလိုက်သည်။ "သူမပြောသမျှကို နင်သဘောတူလိုက်ရင် သူမက နင့်ကို ပြန်ပက်နိုင်ဦးမယ်တဲ့လား"
"ဥပမာပြောရရင် ချင်မုရှောင်းက နင့်ဆီက တစ်ခုခုလိုချင်တယ်... ချင်မုရုန်ကလည်း သူမညီမကို ကူဖို့ ပါလာမယ်... အဲ့အခါကျ နင်က သူတို့ပြောတာကို သဘောတူလိုက်...ပြီးရင် သူတို့က နင်ပေးတာကို စောင့်နေလိမ့်မယ် ဒါပေမယ့် နင်ဘာမှမလုပ်လည်းအဆင်ပြေတယ်... နင်က သူတို့တောင်းတာကို နှုတ်နဲ့ပဲ သဘောတူထားတာလေ.... ပြီးရင် နင်လုပ်ချင်တာ ဆက်လုပ်နေ... သူတို့ကို အာရုံမစိုက်နေနဲ့" ထန်းမိုက ခေါင်းလေးစောင်းပြီး မေးလိုက်သည်။ "ငါပြောတာကို နင်နားလည်လား"
"အဲ့လိုက အဆင်ပြေမလား" ဒါက အရမ်းကို ရိုးရှင်းသည်။ ချင်မုယဲ့လုပ်နိုင်လိမ့်မည်။
"ကြိုးစားကြည့်" ထန်းမိုက သူမဖုန်းကိုထုတ်ပြီး WeChat QR Code ကိုဖွင့်လိုက်သည်။
"တစ်ယောက်နဲ့တစ်ယောက် add ထားရအောင်... ငါပြောသလို လုပ်ကြည့်ပြီးမှ မရရင် ငါ့ကို အချိန်မရွေးဆက်သွယ်လိုက်... ငါတို့ နည်းဗျူဟာကို ပြန်ပြောင်းလို့ရတယ်"
"ကောင်းတယ် ကောင်းတယ်" ချင်မုယဲ့က သူမတစ်ယောက်တည်း မဟုတ်တော့ဘူးလို့ ခံစားလိုက်ရ၏။
မွေးနေ့ပွဲက ပြီးဆုံးပြီဖြစ်သည်။ ဝေမိသားစုကလည်း ဧည့်သည်တွေကို တံခါးဝ၌ တစ်ယောက်ချင်းစီကို နှုတ်ဆက်နေသည်။
"မစ္စတာထန်း ကျေးဇူးပြုပြီးနေပါဦး" ဝေမင်ဝမ်က ပြောလာသည်။
ထန်းဝမ်စစ်ဟာ အမြဲ တည်ငြိမ်ပြီး စိတ်ကိုချုပ်ထိန်းနိုင်သည်။ သို့သော်လည်း အခုခဏမှာတော့ သူအံ့ဩသွားကာ ဝမ်းသာသွားသည်။"မစ္စတာဝေ" ထန်းဝမ်စစ်လည်း ပြန်နှုတ်ဆက်လိုက်သည်။
"ကျေးဇူးပြုပြီး ဒီကို ခဏလောက်ပါ... ကျွန်တော် ခင်ဗျားနဲ့ဆွေးနွေးချင်တာလေးရှိလို့" ဝေမင်ဝမ်က ဘယ်သူမှ မမြင်နိုင်သည့် ထောင့်သို့ ထန်းဝမ်စစ်ကို ခေါ်သွားသည်။
STAI LEGGENDO
နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါ
Storie d'amoreI'm not own this novel.. Just translating to Myanmar Language Unicode & Zawgyi are available Eng Title : Top-notch master masquerading as cannon fodder femal companion Author(s): Like Daylight Genre(s): Drama, Romance Type:Web Novel (CN)