အပိုင်း-၁၀၅: မိတ်ဖွဲ့ခြင်း

1.5K 186 0
                                    

UNICODE

Translator- HMM Editor- Aster

သို့သော်လည်း သူမ၏သားများသည် ကောလိပ်စတက်သောအခါတွင် အရွယ်ရောက်နေပြီဖြစ်သည်။
အရွယ်ရောက်ပြီးသော ယောက်ျားလေးများသည် လွတ်လပ်ရမည်။

"သွားကြရအောင်! အားလုံးအတူတူသွားကြရအောင်" ရှုမင်ကျန်း က ပြုံးပြီးပြောလိုက်သည်။

သူတို့လမ်းလျှောက်လာရင်း ရှုမင်ကျန်းက မင်ယဲ့ချင်သည် ထင်ရှားသောမိသားစုမှ ဖြစ်သော်လည်း သူသည် ဟိတ်ဟန်များတာမျိုး ဒါမှမဟုတ် မာနကြီးနေတာမျိုး အနည်းငယ်တောင်မရှိသည်ကို သတိထားမိသည်။

သူ့မိဘတွေက သူ့ကို အရမ်းစည်းကမ်းတင်းကျပ်ပြီးတော့ အလိုလိုက်ဖျက်ဆီးတာမျိုးမရှိခဲ့ပေ။

လူတိုင်းက လုပ်ရိုးလုပ်စဉ်တွေကို ဖြတ်ကျော်ပြီးနောက် အဆောင်များသို့သွားဖို့ အခန်းသော့များယူကြသည်။
ရှုမင်ကျန်း ကပြောလာသည်။ "ယဲ့ချင် ရဲ့ အိပ်ဆောင်ကို အရင်သွားပြီး သူ့ကို နေရာချပြီး ကူညီပြီးမှ မိုမိုဆီသွားရအောင်"
ရှုမင်ကျန်း သည် သူမ၏သားများစိတ်ကို ကောင်းစွာသိသည်။

ထန်းမို မရှိရင်သာသူတို့ ပြောရချင်ရလိမ့်မည်၊ ဒါပေမယ့် ထန်းမိုက ဒီမှာ ရှိနေတဲ့အတွက် ထန်းမိုကို စွန့်ခွာပြီး မင်ယဲ့ချင်ကို ကူညီဖို့ ယောက်ျားလေးတစ်ယောက်ယောက်ကိုမှ သူမ စည်းရုံးနိုင်တော့မည်မဟုတ်‌ပေ။

သို့သော် သူမသည် ထန်းမိုကို ဦးစွာ နေရာချပြီး မင်ယဲ့ချင်ကို စောင့်ခိုင်းပါက၊ ဘေးနားတွင် ကားသမားတစ်ဦးတည်းသာရှိသော မင်ယဲ့ချင် တစ်ယောက်တည်းကို မြင်‌ယောင်ပြီးနောက် သူမ သည်းမခံနိုင်ပေ။

"ဒုက္ခခံ နေဖို့မလိုပါဘူး။" မင်ယဲ့ချင်သည် ထန်း မိသားစုကို ဒုက္ခပေးမိမှာကို စိုးရိမ်သောကြောင့် ပြောလာသည်။ "ဦးလေးကျန်း ရှိရင် လုံရပါပြီ၊ ကျွန်တော့်မှာ ခရီးဆောင်အိတ်အများကြီး မရှိပါဘူး"

သူ့မိသားစုက မြို့တော် B မှာနေတာကြောင့် သူလိုအပ်တာမှန်သမျှကို အချိန်မရွေးပြန်သွားလို့ရသည်။
ထို့အပြင် သူသည် ယောက်ျားလေးဖြစ်သောကြောင့် မိန်းကလေးများကဲ့သို့ နေ့စဥ်သုံးဆောင်မှု များများစားစားမရှိပေ။
သူသည် ၂၈ လက်မ ခရီးဆောင်အိတ်နှင့် ၂၄ လက်မ ခရီးဆောင်အိတ်နှစ်လုံးကိုသာ ယူဆောင်လာခဲ့သည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါTahanan ng mga kuwento. Tumuklas ngayon