Part 1

909 16 0
                                    

နောက်ဆုံးတော့သူရောက်လာခဲ့ပြီ။ ကျမဆီကိုတော့မထင်ပါဘူး။ သူ့မွေးရပ်မြေကို ပြန်ရောက်လာခဲ့ပြီ လို့ပြောတာပါ။ ပညာတော်သင်နှစ်နှစ် သွားတာလေ။ ထင်တဲ့အတိုင်းပဲ သူ့အိမ်ကိုအရင်သွားပြီးတာနဲ့ ကျမဆီကိုလာတွေ့ခဲ့တာပေါ့။ "ထင်တဲ့အတိုင်းပဲ" လို့ပြောလိုက်တာ ဘဝင်မြင့်သံနည်းနည်းတော့ ပါသွားတယ် တကယ်တော့သူ့ကိုယ့်ဆီအခုလိုလာတွေ့မှ အဲ့လိုပြောထွက်ခဲ့တာပါ။ အစကတော့သူသာပြန်ရောက်ခဲ့ရင် ကိုယ့်ဆီကိုတော့မလာလောက်ဘူး လို့တွေးထားတာ။ သူကျမဆီရောက်လာပြီး ဘာတွေဖြစ်ပြီလဲ ဆိုတာမပြောခင် အရင်ဆုံး မိတ်ဆက်ပါရစေ။ ကျမကတော့ Tina ပါ nickname လေးပေါ့ ကျမကိုအမေကလည်း Tina လို့ပဲခေါ်တယ်။ တကယ်တော့ အဲ့ဒါသူပေးထားတဲ့ nickname ပဲလေ။ ကျမရဲ့ ဆံပင်က ကောက်ပြီး နက်ရှိုင်းတယ် အရပ်ကလည်း တော်သင့်ရုံရှည်ပါတယ်။ ခန့်မှန်းကြည့်ရင်တော့ 5 ပေ 5 လောက်ရှိမယ်။ အသားကတော့ဖြူမလိုလိုနဲ့ အဝါရောင်သန်းနေတာ။ ခန္ဓာကိုယ် ကတော့ထွားတယ်။ ဒါပေမဲ့ ဝိတ်ချထားတော့ပိန်နေတာ ဝိတ်ချဖို့ရည်ရွယ်ပြီးချခဲ့တာမဟုတ်ပါဘူး။ အစားအသောက်နဲ့ဝေးပြီး ပိန်နေတာ။ သူမက ကျမကိုနှုတ်ဆက်တယ်လေ

"Hi Tina ရေ နေကောင်းလား"

"Hey Arial အင်း ကောင်းပါတယ်"

လို့ပဲကျမဖြေတော့တယ်။ သူ့ကို "နင်ရော" လို့မမေးချင်တော့ဘူး။ သူ့နာမည်ကတော့ Arial အဲ့ဒါကလည်း သူ့ nickname ပဲ။ တကယ်တော့ကျမတို့ကျောင်းမှာကတည်းက english nickname တွေပဲခေါ်ကြတာ။ သူ့ကို "နင်ရော" ပြန်မမေးခဲ့တာ သူစိတ်ဆိုးပုံမပေါ်ဘူး။ သူစိတ်ဆိုးလို့လဲမရဘူးလေ။

ကျမက Arial ပါ။ကျမပညာတော်သင်သွားတာ အခုပဲ ပြန်ရောက်တာမကြာသေးဘူး Tina နဲ့လာတွေ့တာ။ သူက "နေကောင်းလား" လို့မေးခံရရင် အမြဲပြန်မေးတတ်တဲ့သူ အဲ့ဒါကိုလည်းကျမ အသိဆုံးပဲ။ အခုတော့သူပြန်မမေးခဲ့ဘူး သူအဲ့လိုဆက်ဆံပုံကို ကျမဒါပထမဆုံးအကြိမ် ကြုံနေရတာပဲ

Arial အတွေး (ကလေးမလေး ရင့်ကျက်လာပြီ)

ကျမနဲ့ Arial အသက်အရဆို တစ်နှစ်ကွာတယ် သူကပိုကြီးတယ်။ ဒီလိုနဲ့ ကျမ ကော်ဖီသောက်အုံးမလား လို့မေးလိုက်တယ်။ မေးသင့်တယ်လို့ထင်တာပဲ ကျမတို့ကကော်ဖီဆိုင်ဖွင့်ထားတာလေ။ အိမ်ကတော့ ကော်ဖီဆိုင်ရဲ့​အပေါ်မှာတင် ကျမကတိုက်မှာနေတာလေ။ အောက်ဆုံးထပ်တွေမှာက ဆိုင်တွေဖွင့်ကြတယ်။  ​အခုရောက်နေတာလည်း ကျမရဲ့ ကော်ဖီဆိုင်ထဲကိုပဲ။ တကယ်တော့ ကျမအမေရဲ့ဆိုင်ပါ။ ကျမရဲ့အမေအရင်းတော့မဟုတ်ဘူး ဒါပေမဲ့လည်း အမေအရင်းထက်တော့ပိုတယ်လို့ထင်တယ်။ ဟုတ်ပါတယ် သိပ်ပိုတာပေါ့ အမေအရင်းဖြစ်သူတစ်ယောက်က ကိုယ့်သမီးကို ပစ်ထားခဲ့တာ ဒုတိယအမေဖြစ်သူတစ်ယောက်က ခေါ်ပြီးမွေးစားထားလို့ အခုကျမအသက်လည်း 19 ထိရောက်နိုင်ခဲ့တာ ဒုတိယအမေသာမရှိခဲ့ရင် ကျမလည်းမရှိဘူးပဲ။
သူက Premium coffee လို့ တိုးတိုးလေးပြောတယ် ကျမကတော့ ကော်ဖီထုတ်ရဲ့တစ်ဝက်ကိုတောင် ဖောက်ပြီး ဖျော်နေပီ။ သူအမြဲ Premium coffee သောက်တယ်ဆိုတာကျမသိတယ်လေ။ တစ်ဝက်ပဲဖောက်ထည့်ပြီး ဖျော်ရတဲ့အကြောင်းကလည်း ကျန်တဲ့တစ်ဝက်ကကျမအတွက်လေ သူကော ကျမကော ကော်ဖီကို တစ်ထုတ်လုံးမသောက်ဘူး တစ်ဝက်စီပဲ သောက်လေ့ရှိတယ်။ ကျမတို့နှစ်ယောက်လုံး ကော်ဖီသောက်နေတဲ့အချိန် ကျမစကားကို အရင်စပြောတယ်။

"Arial နင်ငါနဲ့မတွေ့ရတာ ပျော်နေတာမလား ဒီနှစ်နှစ်လုံးပျော်ခဲ့တယ်မလား"

"ငါပျော်တယ်ဆိုတာလည်း မရှိပါဘူး စာသွားသင်တာ ဘယ်သူကပျော်မှာလဲဟ"

ဆိုပြီးသူက စကားလွဲသလိုလိုနဲ့ဖြေတယ် ဒီတော့ကျမလည်း စိတ်မထိန်းနိုင်ပဲ အရင်နှစ်နှစ်တုံးက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကိုပြောမိတယ်

"နင် နှစ်နှစ်မတိုင်ခင်က ဖြစ်ခဲ့တာတွေ မှတ်ကောမှတ်မိရဲ့လား"

"ဘယ် နှစ်နှစ်လဲ... အော်...ငါတို့တွဲခဲ့တယ်လေ နင်သိပါတယ်ဟာ ငါဘယ်လိုလူလည်းဆိုတာ အဲ့ဒါကိုစိတ်ထဲထားတုန်းလား"

ကျမဒေါသထွက်မိတယ် သူဘာလုပ်ခဲ့လည်းဆိုတာမမှတ်မိချင်ယောင်ဆောင်နေတာမျိုးကို...

"နင်လုပ်ခဲ့တာနင်တကယ်မမှတ်မိဘူးလား"

"ကယ်...ငါနင့်လက်ကိုကိုင်ခဲ့တယ် ငါတို့လျှောက်သွားကြတယ် ပါးစပ်ချင်းနမ်းခဲ့တယ် ဒါပဲလေ..."

သူတကယ်ဘာမှမမှတ်မိသလိုမျိုးပြန်ဖြေနေတယ် ကျမအရမ်းဝမ်းနည်းမိတယ် ဒေါသလည်းထွက်နေတယ် ငိုစရာမျက်ရည်လည်း သူ့ကြောင့်နဲ့တင် ကုန်ခဲ့ပြီ

"နင်သွားတော့ ငါနင့်မျက်နှာမတွေ့ချင်ဘူး နင်ဘာလုပ်ခဲ့လည်းမှတ်မိမှပြန်လာခဲ့"
ဆိုပြီး ကလေးဆန်ဆန်ပြောမိတယ်။ ဒီလိုပဲ ကျမသူနဲ့တွေ့ပီဆိုရင် ဘာပြောလို့ပြောရမှန်း သေချာမသိဘူး ကိုယ်ပြောချင်တဲ့စကားတွေနဲ့ ပြောမိတဲ့စကားတွေက ကွာခြားလွန်းတယ်

ကျမလည်း Tina နှင်ထုတ်လို့ထွက်လာလိုက်တယ် တကယ်တော့ကျမ အားလုံးကို မှတ်မိတယ်။ ကျမဘာလို့ပြောမထွက်လည်း မပြောချင်လို့လား အတိတ်ကိုမေ့ပြီးအသစ်စချင်တာလား အဲ့လိုတော့မဟုတ်တာသေချာတယ်။ အဲ့လိုမျိုး အတိတ်ကို ကျမ ဘယ်တော့မှမေ့နိုင်မှာမဟုတ်ဘူး။ ဒီလိုနဲ့ ကျမလည်းဆေးလိပ်ဖွာရင်း လမ်းလျှောက်​ပြီးပဲ ပြန်လိုက်တယ်။ Tina နဲ့ကျမအိမ်က တစ်မှတ်တိုင်ပဲဝေးတာ ကျမအိမ်ရောက်တဲ့ထိ ဆေးလိပ် ငါးလိပ်နဲ့တစ်ဝက် ဖွာခဲ့တယ်။

29/9/2023

Red flag & Red flag enjoyerWhere stories live. Discover now