Part 6

178 6 0
                                    

မနက်မိုလင်းပြီ ကျမနိုးလာတော့ ရေမိုးချိုးပြီးတာနဲ့ အမေ့ကော်ဖီဆိုင်မှာ ကူဖို့သွားတယ်။ ကော်ဖီဆိုင်ဘေးမှာ အိမ်ပြောင်းလာကြတာထင်တယ် ဆူညံနေရော ကျမအမေ့ကိို ဆက်​ပြီးကူလုပ်ပေးတယ် ဒီလိုနဲ့ညနေရောက်ပြီ ကော်ဖီဆိုင်က လူပါးသွားလို့ ကျမလည်း စားပွဲဝိုင်းတစ်ခုမှာ ခုံတစ်လုံးဆွဲပြီး ထိုင်နေတယ် ရုတ်တရက် ကျမတို့ high school တုန်းက အခန်းတူတူကျဖူးတဲ့ ကောင်မလေး ကျမအရှေ့ကို ရောက်ချလာတယ် ကျမအိမ်မက်မက်နေတယ်လို့တောင် ထင်ရတယ်

"hey နေကောင်းလား Tina? ငါ့ကိုရောမှတ်မိသေးလား?"

"မှတ်မိတာပေါ့ အတန်းခေါင်းဆောင်ကြီးကို ငါနေကောင်းပါတယ် နင်ရော?"

"ငါလည်းကောင်းတယ် ဒါနဲ့ငါ ဒီဘေးအိမ်ကိုမနက်ကမှပြောင်းလာတာလေ အစက ငါကော်ဖီဆိုင်တွေ့တော့ ပျော်သွားတာ ဟ အိမ်ဘေးတင်ကော်ဖီ ဆိုင်ရှိတာလား ဆိုပြီး အခုပိုတောင် ပျော်သေး ကော်ဖီဆိုင်ရှင်ကလည်း ငါ့သူငယ်ချင်းပဲဟ"

ကျမလည်းပြုံးပြပြီး "မနက်ကအသံတွေကြားသေးတယ် ငါလည်းလူအသစ်တွေပြောင်းလာတာထင်တယ်လ်ို့တွေးမိသေးတယ်"

"ငါတော့ လူအသစ်မဟုတ်ဘူးနော်"

သူမက စသလိုလိုနဲ့ပြုံးပြီး ပြောတယ်

"နင်ကော်ဖီကြိုက်တယ်ဆိုရင် သောက်သွားမလား ငါဖျော်ပေးမယ်လေ"

"သောက်ရမှပေါ့"

သူမအဲ့လိုပြောပြီး ကျမထိုင်နေတဲ့ဝိုင်း ကျမအရှေ့မှာ ခုံတစ်ခုံ ဆွဲဲပီးထိုင်လိုက်တယ် ကျမကော်ဖီဖျော်ပြီးသူ့ဆီလာပေးတယ်

"ရော့ရပြီနော်"

သူမကပြုံးနေရော သွားတွေတောင်ထွက်လာမလား ထင်ရတယ် သူမ နာမည်ကတော့ Rose သူမ အရင်တုန်း ကထက် တော်တော်လေး ကြည့်ကောင်းလာတယ် အရင်ကလည်း ကြည့်ကောင်းပါတယ် ဒါပေမဲ့အခုက ပိုကြည့်ကောင်းတယ် သူမလည်း Bi ပဲ ကျမတို့ high school တတ်တုန်းက ပထမကတော့ ကောင်လေးတစ်ယောက်နဲ့တွဲတာ တစ်ခန်းလုံးသိကြတယ် သူတို့အတွဲဆိုမသိတဲ့သူမရှိဘူးပဲ နောက်ကြာတော့ ကောင်လေးနဲ့ပြတ်ပြီး သူ ကောင်မလေးနဲ့တွဲတာလေ အဲ့တာလည်း တစ်ခန်းလုံးသိတယ် သူတွဲလိုက်ရင်လည်း ကောင်လေးကော ကောင်မလေးကော က အချောအလှတွေချည်းပဲ သူနဲ့လည်းလိုက်နေရော သူအခုတော့ဘယ်သူနဲ့ တွဲနေလည်းမသိဘူး

Red flag & Red flag enjoyerWhere stories live. Discover now