Part 10

112 6 0
                                    

ကျမဒီနေ့ဘာဝတ်သွားရမလဲ မိမိုက်နေမှဖြစ်မှာ အင်္ကျီတွေလည်းပွကုန်ပြီ ဘာဝတ်ရမှန်းမသိသေးဘူး ဖုန်းမြည်လာရော Tina ဆက်တာပဲဟ

"Hey Rose"

"Hello Tina"

"အင်း နင်ပြီးပြီလား ငါအပြင်မှာစောင့်နေတယ်"

"ဟင် မြန်လိုက်တာဟ နင်ပြီးပြီပေါ့"

"အင်းလေ သိပ်မှပြင်စရာမလိုတာ"

"နင်ကလည်း သူငယ်ချင်းနဲ့ ရုပ်ရှင်ကြည့်တာက ငါသိပါတယ် အရမ်းကြီးပြင်စရာမလိုမှန်း ဒါပေမဲ့လည်း လှလှလေးတော့ပြင်လာပေါ့ အိမ်မှာနေသလိုမျိုးတော့မလုပ်နဲ့လေ"

"အော်အေးပါ ပြင်ထားပါတယ် ငါအစောကြီးကတည်းကပြင်ပြီးနေတာ နင်လည်းမြန်မြန်ထွက်လာတော့"

"အင်း 5 မိနစ်ပဲစောင့်"

ငါးမိနစ်ဘယ်ကမလဲ ကျမသူ့ကို 10 မိနစ်လောက်စောင့်လိုက်ရတယ် နောက်ဆုံးတော့သူထွက်လာပြီ အပေါ်အင်္ကျီအပွ ဂျင်းဘောင်းဘီအပွနဲ့ သူ့ခန္ဓာကိုယ် ကပြည့်စုံလွန်းတယ် သူဘယ်ဟာဝတ်ဝတ်လိုက်နေရော Rose ကိုကျမ မြန်မာရင်ဖုံးနဲ့မြင်ယောင်ကြည့်တာ ပိုတောင်လိုက်သေးတယ် ဒါပေမဲ့ သူမအဲ့လိုဝတ်တာမမြင်ဖူးသေးဘူး သူဝတ်လိုက်ရင် free style တွေပဲ

ဟောဗျာ Tina လှရက်လိုက်တာ ကျမအိမ်ကထွက်ထွက်ချင်း မငေးပဲကိုမနေနိုင်တော့တာ သူမမျက်နှာက ပန်းနုရောင်သန်းနေရော ပါးနီလည်း ပန်းနု နှုတ်ခမ်းနီလည်း ပန်းနုလေး ဆံပင်က ကျစ်ဆံမြီးတစ်ဖက်ကို အနောက်ဘက်မှာကျစ်ထားတယ် ဂါဝန် အဖြူရောင်လေးနဲ့ လှလွန်းတယ်ဗျာ ကျမပြေးပြီးသာ နမ်းပစ်လိုက်ချင်တော့တယ်

"Rose လာသွားမယ်လေ"

"အော် အေး သွားကြမယ် ငါ Taxi ငှားလိုက်မယ်"

ဒီလိုနဲ့ကျမတို့နှစ်ယောက်လုံး Capital Dawbon က Mega Ace Cineplex ရုပ်ရှင်ရုံရောက်ပြီ ကျမတို့လက်မှတ်ဖြတ်ပြီး ကျမကရုပ်ရှင်ရုံထဲမှာ ဝင်စောင့်နေလိုက်တယ် Rose ကတော့ ကော်ဖီအေးနှစ်ခွက်နဲ့ ပေါက်ပေါက်တစ်ဗူး သွားဝယ်တယ် ကျမတို့ကြည့်မယ့်ကားနာမည်က "Purple hearts" Romantic ဆန်တယ် ပြီးတော့ Musical နဲ့ပတ်သတ်ပြီးလည်း သီချင်းကောင်းတွေအများကြီးပါတယ် ကျမဒီကားကိုကြည့်ပြီးတာ နှစ်ခါရှိပြီ အခုနဲ့ဆို သုံးခါပဲ ဘယ်တော့ကြည့်ကြည့်မရိုးတဲ့ကားကောင်းလေး

Red flag & Red flag enjoyerWhere stories live. Discover now