Part 3

170 6 0
                                    

"အမေနဲ့ အဲ့ဒီအမျိုးသမီးက အိမ်နီးနားချင်း သူငယ်ချင်းတွေလေ အမေ့ရဲ့ အမေနဲ့ အမျိုးသမီးရဲ့ အမေက အချစ်ဆုံးသူငယ်ချင်းတွေ အဲဲဒါ​ကြောင့်သူတို့အိမ်က တခုခုပွဲတွေဘာတွေ လုပ်ရင် အမေတို့ကိုအမြဲဖိတ်တယ် အမေတို့လည်းအဲ့လိုပဲ အဲ့ဒါနဲ့တင် အမေ အဲ့ဒီအမျိုးသမီးနဲ့ရင်းနှီးသွားတယ် သူမရဲ့မည်းနက်လွန်းတဲ့မျက်လုံးတစ်စုံက ငါ့ကိုဆွဲဆောင်ထားတယ် သူနဲ့ထိလိုက်တဲ့ အထိအတွေ့တိုင်းက ငါ့အတွက်ရင်ခုန်စရာဖြစ်နေတယ် သူရဲ့အသံက ငါအကြိုက်ဆုံး သံစဥ်လိုပဲ ဒီလိုနဲ့ နှစ်တွေကြာတော့ သူမကိုမြတ်နိုးမိသွားတယ် အမေသူ့ကို မဖွင့်ပြောရဲခဲ့ဘူး အမေတို့အထက်တန်းရောက်လာတော့မှ အချစ်တွေလည်းတဖြေးဖြေး တိုးလာခဲ့တယ် အဲ့တစ်နေ့ပေါ့ သူခါတိုင်းလိုပဲ အမေ့အိမ်ကို စာတူတူလုပ်ဖို့ လာခဲ့တယ် Sunday လေ သူကကျောင်းပိတ်ရက်တွေဆို အမြဲလာနေကြ စာတူတူလုပ် မုန့်တူတူစား စာလုပ်ပြီးရင်လည်း ချက်ချင်းမပြန်ဘူး TV တူတူကြည့်ကြသေးတာ ဒါပေမဲ့ အဲ့ဒီတစ်နေ့ကတော့ ထူးခြားတယ် သူငါ့ကိုကြည့်တဲ့အကြည့်က ခါတိုင်းနဲ့မတူဘူး စာလုပ်နေတုန်းလည်း သူမ အမေ့မျက်လုံးတွေကို ကြည့်နေတာ ဘယ်နှစ်ကြိမ်ကိုမသိတော့ဘူး မနည်းဘူး ခဏခဏပဲ ကိုယ်ကတော့ ရင်တွေပေါက်ထွက်မတတ် ခုန်နေတာပဲ မနေနိုင်တော့ဘူး သူ့အကြည့်တွေကိုမခံစားနိုင်တော့ဘူး သူနဲ့အတူ TV ကြည့်နေတဲ့အချိန်မှာ အမေကအရင်စကားစပြောတယ်

'နင်လက်တလော ကြိုက်နေတဲ့သူရှိလား'

'ဟင်...ဘာလို့မေးတာလဲရုတ်တရက်ကြီး'

'အော် မဟုတ်ပါဘူး ဒီတိုင်းသိချင်လို့ပဲ'

'ရှိတယ်လေ...နင်ကော'

'ဟင်...ငါလား...ငါက...မပြောတတ်ဘူး'

'ဘယ်လိုမပြောတတ်တာလဲ ကိုယ်ကြိုက်မကြိုက် မသိဘူးလား'

'မဟုတ်ဘူး...ဝေခွဲရခက်နေလို့သူ့ကိုကြိုက်တာ လို့ကောပြောလို့ရမလား ဆိုပြီး'

'အော် အေးပါ ဒါနဲ့ နင်ကြိုက်တဲ့ပုံစံက ဘယ်လိုမျိုးလဲ ငါတို့နော်ခင်တာဖြစ်နှစ်နဲ့ချီနေပြီ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပုံစံမျိုးကြိုက်ကြလဲတောင် မသိကြသေးဘူး'

Red flag & Red flag enjoyerWhere stories live. Discover now