Part 2

247 8 0
                                    

ကျမအိမ်ရောက်တော့ Tina နဲ့ဖြစ်ခဲ့တဲ့အကြောင်းတွေကို အကြာကြီးတွေးနေမိတယ်။ သူမကိုတကယ်ချစ်လို့လားဆိုတော့လည်းမဟုတ်ဘူး မပြောပြတတ်တော့ဘူးဗျာ ကျမစိတ်ကို ကျမကိုယ်တိုင်တောင်နားလည်ဖို့ခက်နေတာ အဲ့တော့ကျမလည်း တော်တော်ကြာကြာစဥ်းစားပြီး Tinaနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကအကြောင်းကို သတိရပြီလို့ ပြောဖို့သွားခဲ့တယ်။ ဒီတစ်ခေါက်တော့ ကျမလမ်းလျှောက်ပြီးမသွားတော့ဘူး ညနေလောက်ရောက်တော့ အနောက်ခုံပါတဲ့ ကျမရဲ့စက်ဘီး နဲ့သူမအိမ်နားကိုနင်းသွားလိုက်တယ်။ သူ့အိမ်ရှေ့ရောက်ပြီ ကျမနာရီကိုတစ်ချက်ကြည့်လိုက်တယ်။ 5 နာရီစွန်းစွန်းလေးပဲ ဒီအချိန်က သူအမှိုက်ပစ်နေကြ အချိန်ပဲ။ ဒါကြောင့်အထဲမဝင်တော့ဘူး ဒီမှာပဲရပ်စောင့်တော့မယ်။ အချိန်ကိုက်ပဲ သူအမှိုက်ထုပ် ကိုင်ပြီးထွက်လာတယ်။ သူကျမကိုတောင်မကြည့်ပဲ အိမ်ရှေ့မှာရှိတဲ့ ရပ်ကွက်အမှိုက်ပုံး ထဲကိုအမှိုက်ထုပ်ထည့်ပြီး လာနေတယ်။

ကျမလည်း ညနေလောက်အမှိုက်ပစ်ဖို့ထွက်သွားတော့ Arial ကျမအိမ်ရှေ့ နံရံမှာမှီနေတာကိုမတွေ့လိုက်ဘူး အမှိုက်ပစ်ပြီးပြန်လှည့်လာမှ သူ့ကိုတွေ့တာ ဒါပေမဲ့ ကျမသူ့ကိုရှောင်ပြီးအိမ်ထဲ​ပြန်ဝင်ဖို့ကြိုးစားတယ် အဲ့လိုရမယ်ထင်လား မရပါဘူး သူကျမလက်ကိုဆွဲလိုက်တယ်

"Tina နင်ငါ့ကိုရှောင်နေတာလား ငါတို့အခုလမ်းလျှောက်ကြမလား တိုက်အနောက်ကို"

ကျမလည်း Arial ပြောသမျှဆိုမငြင်းနိုင်လောက်တဲ့ထိ အချစ်ရူးနေတော့

"သွားလေ" လို့ပြောပြီး ကျမ Arial နဲ့ အတူတူလမ်းလျှောက်ထွက်တယ်။

ကျမ Tina နဲ့လမ်းလျှောက်နေတုန်း သူမရဲ့နှုးညံ့တဲ့ လက်ကလေးကို ကိုင်ချင်တာမှ အရမ်းပဲ ဒါပေမဲ့လည်း ကျမသူ့ကိုနှောက်ယှက်မိမလား ဆိုပြီးစိုးရိမ်မိတယ်။ မရတော့ဘူးဗျာ ကျမကိုင်လိုက်ပီ

ကျမလက်ကိုဘာလာထိလည်းဆိုပြီး လန့်သွားတာ တကယ်တော့ Arial ရဲ့လက်ကိုး ကျမလွတ်ချလိုက်တယ် ကျမသူ့ရဲ့မျက်လုံးတွေကိုစိုက်ကြည့်ပြီး

"နင်မှတ်မိပြီလား မှတ်မိမှလာလို့..." စကားမဆုံးခင်မှာ Arial ရဲ့လက်ညိုးက ကျမရဲ့ပါးစပ်ကိုလာထိတယ်

Red flag & Red flag enjoyerWhere stories live. Discover now