Part 9

103 5 0
                                    

ကျမမတ်တတ်ရပ်တော့နည်းနည်း ယိုင်နေလို့ Rose ကျမကို အိမ်ထဲ အခန်းထဲထိလိုက်ပို့ပေးတယ်

"နင်အိပ်လိုက်တော့နော် Tina ငါသွားတော့မယ် ဘိုင်း"

"နေအုံး Rose နင်မနက်ကျရင်ကော်ဖီဆိုင်ကိုလာနော်.. ကဲသွားတော့ ဘိုင်းး"

ကျမကိုသူဒီလိုမျိုးဖော်ဖော်ရွေရွေ ခေါ်တာ ဒါပထမဆုံးပဲ သူနေ့တိုင်းဒီလိုမူးနေရင်သိပ်ကောင်းမှာပဲလို့တောင် တွေးမိတယ်

အား...ခေါင်းကိုက်လိုက်တာ နာရီကြည့်လိုက်တော့ မနက် 9 နာရီ ဟင် ကိုးနာရီတောင်ရှိနေပြီ ကျမအမေ့ကို ကူပေးရအုံးမယ် နောက်ကျနေပြီ ခေါင်းကလည်းကိုက်လိုက်တာ ရေမိုးချိုးပြီး အမေ့ကို ဆိုင်ကူပေးဖို့သွားတယ် နည်းနည်းကြာတော့ Rose ရောက်လာတယ်

"ရော့အမူးပြေ အရည်လေး မနေ့က soju ကိုသောက်သလို တစ်ခါတည်းမော့ချပစ်လိုက်"

သူမ စနောက်ပြီးပြောတယ်

"အင်း နင်ကလည်း ငါမနေ့က မမူးပါဘူး မသောက်တာ ကြာလို့ပါ..ဒါနဲ့ ကျေးဇူးနော်"

"အေးပါ"

"Rose..."

"ဟင်..."

"ငါဒီနေ့မနက်တော့ နင့်ကို ကော်ဖီ free တိုက်ချင်တယ် မနေ့က soju အတွက်"

"ကော်ဖီပဲလား..."

"အင်းပါ မုန့်လည်း ကျွေးမယ်"

"ဟဟ စတာပါ"

"ငါတကယ်ပြောတာ ခဏစောင့် အခုပဲ ယူလာမယ်"

ကျမ ကော်ဖီဖျော်ဖို့ သွားတော့ အမေက

"သမီးရည်းစားအသစ်လေးလား သူက"

"ဟင် ဟုတ်ပါဘူး အမေကလည်း ဒီတိုင်းသူငယ်ချင်းတွေပါ"

"အော်မသိဘူးလေ နှစ်ယောက်မနေ့ကလည်းတူတူသောက်လို့ အပြန်တော့လည်း သမီးကို အခန်းထဲထိလိုက်ပို့ပေးလို့ အဲ့ဒါကြောင့်အမေလည်းရည်းစားများလားလို့...အင်း ဒါနဲ့ ရည်းစားမဟုတ်ဘူးသာပြောတာ သူသမီးကိုကြည့်တဲ့အကြည့်က သမီးကိုကြိုက်နေသလိုပဲ အခုလည်း လှည့်ကြည့်လိုက် သမီးကို ဆက်တိုက်ကြည့်နေတာ"

ကျမလှည့်ကြည့်လိုက်တော့ Rose က ပြုံးပြီး လက်ယမ်းပြတယ် ကျမလည်းပြုံးပြလိုက်တယ်

Red flag & Red flag enjoyerWhere stories live. Discover now