ရှောင်းကျန့်ဟာ ထော့နဲ့ထော့နဲ့နဲ့ပဲ ဝမ်ရိပေါ်ရဲ့အနောက်ကနေလိုက်လို့ အိမ်ပျက်ထဲကို ဝင်သွားတယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်ကို ထိုင်လို့ရအောင် ကူညီပေးတယ်။ တလောကလုံး မှောင်မဲနေပြီး လရောင်အနည်းငယ်ကပဲ အခန်းထဲကို နည်းနည်းဝင်လာတယ်။ ဝမ်ရိပေါ်မှာ ဘာကိုမှ သေချာမမြင်ရတာမို့ ခြေထောက်နားက သစ်သားခုံပျက်တခုကို ခလုတ်တိုက်မိပြီး ရှေ့ကို မှောက်ထိုးလဲမလို ဖြစ်သွားတယ်။ တော်သေးတာက စားပွဲကို ကိုင်လိုက်လို့ မလဲတော့ဘူး။
ဝမ်ရိပေါ် ယိုင်သွားတဲ့ပုံက ရယ်စရာကောင်းလွန်းလို့ ရှောင်းကျန့်မှာ ရယ်မိသွားတယ်။ သူ့ရဲ့ရယ်သံတိုးတိုးဟာ အမှောင်ထုထဲမှာ ရှင်းလင်းနေတယ်။ ဝမ်ရိပေါ်ရဲ့မျက်နှာက နီရဲတက်သွားတယ်။
"မရယ်နဲ့!"
ရှောင်းကျန့်က မရယ်တော့ဘူး။ သူ ဒီအတိုင်း ပါးစပ်ပိတ်ထားပြီး ဝမ်ရိပေါ်ကို တိတ်တိတ်လေး လိုက်ကြည့်နေတယ်။ သူ့အတွက်က အလင်းရောင်မလိုဘူး။ ဘယ်လောက်ပဲ မှောင်မဲနေပါစေ၊ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။
ဒါပေမဲ့ ဝမ်ရိပေါ်မှာ ဒီအစွမ်းမရှိဘူး။ သူ အမှောင်ထဲမှာ ငုတ်တုတ်ထိုင်ရင်း ဘာကိုမှ မမြင်ရဖြစ်နေတယ်။ ဒါပေမဲ့ ဝမ်ရိပေါ်မှာ အရမ်းကို စိတ်လှုပ်ရှားနေမိတယ်။ သူ့စိတ်ထဲ ရှောင်းကျန့်က သူ့ကို ကြည့်နေသလိုပဲ။ သူ လှုပ်ရှားလိုက်သမျှ အလှောင်ခံရမယ်ဆိုတဲ့စိတ်နဲ့ မနေတတ် မထိုင်တတ်ဖြစ်နေတယ်။
ဝမ်ရိပေါ်ရဲ့နဖူးမှာ ဇောချွေးလုံးကြီးတွေ သီးနေတယ်။ သူ မျက်လုံးတွေကို မှေးကျဉ်းလို့ အခန်းထဲကို လရောင်ဝင်လာတဲ့ တခုတည်းသော ပြတင်းပေါက်ရှိရာ အားစိုက်ကြည့်လိုက်တယ်။ သူ့မျက်ဝန်းတွေက ဝိုင်းစက်ပြီး တောက်ပတယ်။ သူ့ပါးလုံးလုံးလေးတွေက ဖောင်းထွက်နေပြီး သူ့နှုတ်ခမ်းလေးက စူထွက်နေတယ်။ ရှောင်းကျန့်စိတ်ထဲ ဒီကောင်လေးက သနားစရာကောင်းသလိုပဲ။ ရှင်းပြလို့မရစွာဘဲ သူ့နှလုံးသား ပျော့ပျောင်းသွားခဲ့တယ်။
တကယ်ကိုပဲ တုံးအပြီး ချစ်ဖို့ကောင်းတယ်။ လူကို အနိုင်မကျင့်မိအောင် လုပ်နေသလိုပဲ။
YOU ARE READING
အရိုးမိစ္ဆာ ||Completed||
Fanfictionငါ့ကိုယ်ထဲမှာ ဘာမှမရှိဘူး ငါ့သွေးတွေလည်း မရဲတော့ဘူး ဒါပေမဲ့... ငါ့စိတ်ဝိဉာဉ်က နက်ရှိုင်းနေဆဲ ငါ့အချစ်တွေက အဆုံးအစမရှိဖြစ်နေဆဲ Myanmar Translation