မနက်ခင်းရောက်တဲ့အခါ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်နဲ့အတူတူ တောင်ပေါ်မှာ ရှောင်းကျန့်အစ်မကို လိုက်ရှာပေးတယ်။ သူ ရှေ့ကလျှောက်ပြီး ရှောင်းကျန့်အတွက် ဆူးခြုံတွေ၊ မြက်ယားတွေကို ဖယ်ရှားလို့ လမ်းရှင်းပေးတယ်။
"မင်းအစ်မကို ဘယ်နေရာမှာ နောက်ဆုံးတွေ့ခဲ့လဲ မှတ်မိလား?"
"မမှတ်မိဘူး။ မကောင်းဆိုးဝါးက ရုတ်တရက်ကြီး ပေါ်လာတာမို့ မမက ငါ့ကို တွန်းထုတ်ပြီး အမြန်ထွက်ပြေးခိုင်းခဲ့တာ။ ပြီးတာနဲ့ သူက မကောင်းဆိုးဝါးကို လမ်းလွှဲပြီး မျှားခေါ်သွားခဲ့တာ။ ငါ သူ့အတွက် အရမ်းစိုးရိမ်နေပြီ"
ဝမ်ရိပေါ်က အနောက်ကိုလှည့်လို့ ရှောင်းကျန့်ရဲ့ခေါင်းပေါ် ညင်ညင်သာသာလေး သပ်ပေးပြီး နှစ်သိမ့်ပေးရင်း ပြောတယ်။
"ဘာမှမဖြစ်လောက်ပါဘူး။ စိတ်မပူနဲ့။ မင်းအစ်မ အဆင်ပြေမှာပါ။ ငါ မင်းနဲ့အတူ လိုက်ရှာပေးမယ်"
ရှောင်းကျန့် ခေါင်းညိတ်လို့ ဝမ်ရိပေါ်ရဲ့လက်ကို ဆွဲလိုက်ပြီး အနောက်ကနေ လိမ်လိမ်မာမာလေး လိုက်သွားတယ်။ သူတို့ အကြာကြီး လိုက်ရှာတယ်။ မနက်ကနေ နေ့လယ်ကျော်တဲ့ထိ၊ တောင်ရဲ့တဝက်လောက် ရှာပြီးတာတောင် မတွေ့သေးဘူး။
ရုတ်တရက် ရှောင်းကျန့်က လူသူကင်းမဲ့တဲ့ တောလမ်းလေးတခုကို လက်ညိုးထိုးပြရင်း ပြောတယ်။
"ဒီနေရာပဲ ရိပေါ်! ဒီနေရာ။ မမက ဒီလမ်းအတိုင်း ထွက်ပြေးသွားခဲ့တာ ငါ မှတ်မိပြီ!"
ဝမ်ရိပေါ်က ရှောင်းကျန့်ရှေ့က ဦးဆောင်လို့ တောလမ်းချိုးလေးရှိရာ သွားတယ်။ သူ ခေါင်းကို ငုံ့ထားရင်း မျက်မှောင်ကြုတ်လိုက်တယ်။
"သိပ်တော့ အခြေအနေမကောင်းဘူး။ လမ်းပေါ်မှာ သွေးစက်တွေ တွေ့တယ်"
ဒီစကားကို ကြားတဲ့အခါ ရှောင်းကျန့်ရဲ့မျက်ဝန်းတွေထဲ မျက်ရည်စတွေ ပြည့်သွားတယ်။ ဝမ်ရိပေါ်ကို တွဲထားတဲ့လက်က တုန်ယင်နေတယ်။ သူ ငိုနေပြီဖြစ်တယ်။
"ငါ့မမ ထိခိုက်ထားပြီထင်တယ်။ ဘယ်လိုလုပ်ရမလဲ ရိပေါ်? wu wu wu... ငါ အရမ်းကြောက်တယ်....."
YOU ARE READING
အရိုးမိစ္ဆာ ||Completed||
Fanficငါ့ကိုယ်ထဲမှာ ဘာမှမရှိဘူး ငါ့သွေးတွေလည်း မရဲတော့ဘူး ဒါပေမဲ့... ငါ့စိတ်ဝိဉာဉ်က နက်ရှိုင်းနေဆဲ ငါ့အချစ်တွေက အဆုံးအစမရှိဖြစ်နေဆဲ Myanmar Translation