နန်းတွင်းတခုလုံးရဲ့ အရေးပေးခံ အရှင့်သမီးတော်လေး ဝမ်းနည်းဒေါသထွက်နေတယ်။ အဲ့တော့ သူမကို ဘယ်သူမှ လျစ်လျူရှု မထားရဲတော့ဘူး။
လုယွမ်မင်းသမီးဟာ နန်းဆောင်ထဲမှာ တနေကုန် ဒေါသတွေ ထွက်နေပြီး မည်းမည်းမြင်သမျှကို ရိုက်ပုတ်တယ်။ ငယ်ငယ်ကတည်းက သိုင်းပညာကို သင်ကြားခဲ့သူမို့ သူမက အားနွဲတဲ့မိန်းမပျို ဟုတ်မနေဘူး။ နန်းဆောင်ထဲက အလင်းတိုင်တွေကို တွန်းလှဲပစ်တယ်။ အစေခံမလေးတွေမှာလည်း ကြောက်လွန်းတာမို့ တနေကုန် ဒူးပွန်းအောင် ဒူးထောက်ထားရပြီး တုန်ရင်နေတယ်။
"ခွမ်း!"
နောက်ထပ် လက်ဖက်ရည်ကြမ်းခွက်တလုံး ကွဲကြေသွားတယ်။ ချွန်ထက်တဲ့အပိုင်းအစလေးဟာ အစေခံမလေးရဲ့ မျက်နှာကို ရှမိသွားပြီး သွေးစတွေ စိမ့်ထွက်လာတယ်။ ဆိုပေမဲ့ အစေခံမလေးမှာ နာကျင်တာကို စောဒကမတက်ရဲဘူး။ သူမ တုန်တုန်ရင်ရင် ပြောလိုက်တယ်။
"ကုန်းကျူ အရမ်းစိတ်ဆိုးနေတယ်ဆိုရင် အရှင်မင်းကြီးကို ပြောပြီး သူ့ကိစ္စ ဆုံးဖြတ်ခိုင်းလိုက်မယ်ဆိုရင်ရော?"
လုယွမ်ဟာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ဝမ်ရိပေါ်ရဲ့ရင်ခွင်ထဲ ခိုဝင်ရင်း လည်တိုင်းကို နမ်းလိုက်၊ လျက်လိုက်လုပ်နေခဲ့တဲ့ ရှောင်းကျန့်ရဲ့မြင်ကွင်းက သူမအာရုံထဲမှာ အပြည့်ရှိနေတယ်။ အဲ့တုန်းကများ ဝမ်ရိပေါ်ရဲ့မျက်လုံးတွေက မူးယစ်ရီဝေနေတာများ စိတ်ကျေနပ်မှုအပြည့်နဲ့ ဆန္ဒတွေ တရှိန်ရှိန် တောက်လောင်နေသလိုပဲ။ ပြီးတော့ သူ့ရင်ခွင်ထဲကလူရဲ့ တကိုယ်လုံးကို သူ့ခန္ဓာကိုယ်ထဲ နစ်ဝင်သွားတဲ့အထိ ပွတ်သပ်ချင်သလိုမျိုး။
"ကောင်းပြီ ငါ ဖုဟွမ်ကို တိုင်မယ်။ ဒါပေမဲ့ ရလောက်မယ်မထင်ဘူး။ ဖုဟွမ်က အမတ်ချုပ်ကြီးကို ငါလို မင်းသမီးထက်တောင် ပိုအရေးပေးသေးတယ်!"
ပြောပြီးတာနဲ့ လုယွမ်ဟာ ဧကရာဇ်မင်းကြီးဆီ သွားတယ်။ သူမနောက်မှာ ဒူးထောက်နေခဲ့တဲ့ အစေခံမလေးဟာ ခပ်သွက်သွက် ထရပ်လို့ သူမနောက် ခလုတ်တိုက်မတတ် ပြေးလိုက်ရင်း သူမရဲ့ ဂါဝန်အရှည်စကို နောက်က ကိုင်လိုက်ပေးရတယ်။ ဧကရာဇ်မင်းရဲ့ နန်းဆောင်ရှိရာ သွားတဲ့နောက် တံခါးပေါက်ဝမှာ အစောင့်တယောက်က စောင့်ကြပ်နေတယ်။
YOU ARE READING
အရိုးမိစ္ဆာ ||Completed||
Fanfictionငါ့ကိုယ်ထဲမှာ ဘာမှမရှိဘူး ငါ့သွေးတွေလည်း မရဲတော့ဘူး ဒါပေမဲ့... ငါ့စိတ်ဝိဉာဉ်က နက်ရှိုင်းနေဆဲ ငါ့အချစ်တွေက အဆုံးအစမရှိဖြစ်နေဆဲ Myanmar Translation