- 8 -

2.9K 425 7
                                    

လှည်းအိမ်ဟာ ဖြည်းဖြည်းချင်း မောင်းနှင်နေတယ်။ လူသူနည်းပါးတဲ့ မြို့ပြင်က နန်းတော်နေရာဆီ ဦးတည်သွားနေတာဖြစ်တယ်။ ပွဲတော်ထဲက လူတွေအသံက တဖြည်းဖြည်း တိုးသွားပြီးနောက် ဘီးလိမ်းလှိမ့်သံနဲ့ ကျီးငှက်အော်သံတွေက ပိုပိုပြီး ထင်ရှားလာတယ်။ အေးစက်တဲ့ ညခင်းကို ပိုပြီးတော့တောင် အထီးကျန်သွားစေတယ်။

မင်းသားဟာ နန်းတွင်းပွဲတခုမှာ အခုလေးတင် သောက်စားလာတာမို့ မူးယစ်နေတယ်။ လှည်းအိမ်က ရုတ်တရက် ဆောင့်ရပ်သွားတာမို့ သူ့နဖူးက လှည်းအိမ်နံရံနဲ့ ဆောင့်မိတယ်။ သူ နဖူးကို ပွတ်ရင်း ဆဲရေးလိုက်တယ်။

"ဘယ်လိုမောင်းနေတာလဲ အရူးကောင်ရဲ့! ဒီလှည်းအိမ်လေးတောင် ကောင်းကောင်းမမောင်းနိုင်ဘူးလား။ အသက်က ကြီးနေပြီ၊ မြင်း မစီးတတ်၊ မြင်းလှည်းမမောင်းတတ်။ ငါ မင်းကို သတ်အောင် လုပ်နေတာလား?!"

မြင်းလှည်းမောင်းသမားရဲ့ ကြောက်ကြောက်ရွံ့ရွံ့ တုန်ယင်နေတဲ့အသံက အပြင်ကနေ ထွက်လာတယ်။

"အရှင့်သား ကျနော်တို့... ကျနော်တို့ လမ်းပျောက်နေပြီ"

မင်းသားက ကန့်လန့်ကာတွေကို ဆွဲဖွင့်လို့ မြင်းလှည်းသမားရဲ့ခေါင်းကို ခြေထောက်နဲ့ ကန်တယ်။

"မင်း ဒီလမ်းပေါ် ပထမဆုံး မောင်းဖူးတာလား? ဒီနေရာလေးတောင် လမ်းပျောက်ရအောင် မင်းခေါင်းထဲက ဦးနှောက်တွေက မြည်းကန်ခံရလို့လား? ဘာမှ အသုံးမဝင်တဲ့ တိရိစ္ဆာန်ရဲ့!"

မြင်းလှည်းသမားမှာ အကန်ခံရမှုကြောင့် မြေပေါ်ကို ပြုတ်ကျသွားပြီး ၃-၄ ပတ် လိမ့်သွားတယ်။ သူ အမြန်ထလို့ ဒူးထောက်လိုက်ပြီး မင်းသားရှိရာ ပြောလိုက်တယ်။ သူ့မှာ ကြောက်လွန်းတာမို့ ငိုသံပါနေတယ်။

"အရှင့်သား ဒါ လမ်းမှန်ပါ။ ဒါပေမဲ့ ဒီနေ့ကျမှ ကျွန်တော်မျိုးတို့ လမ်းဆုံးမရောက်နိုင်ဖြစ်နေတာ။ ကျွန်တော်မျိုးတို့ ဒီလမ်းကို ဖြတ်သန်းနေတာ အမွှေးတိုင် တတိုင်စာ ရှိပြီ၊ အခုထိ ဒီနေရာမှာပဲ လည်နေတုန်းပဲ!"

မင်းသားဟာ ဟိုဒီကြည့်လိုက်တဲ့နောက် တကယ်ပဲ ဒီလမ်းပေါ်မှာပဲ ရှိနေသေးတယ်ဆိုတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ မြင်းလှည်းက ဆက်သွားနေတာ အသိသာကြီးပဲ။

အရိုးမိစ္ဆာ ||Completed||Where stories live. Discover now