Final Extra

2K 259 11
                                    

ငါက မင်းရဲ့ နှစ်သိမ့်မှုပါ။ အဆိပ်တခွက် မဟုတ်ဘူး။

"ဖုရန် လက်ကို အပူလောင်မယ် သတိထားပါ"

နျန်းနွီဟာ ရှောင်းကျန့်လုပ်နေတာကို စိတ်ပူပန်စွာ ကြည့်နေတယ်။ ရှောင်းကျန့်က မတော်တဆ ထိခိုက်အနာတရဖြစ်သွားမှာကို သူမ ကြောက်တယ်။

ရှောင်းကျန့်ပုံစံက သိပ်အရေးမစိုက်သလိုပဲ။ ဟင်းချက်နည်းကို စိတ်ပါဝင်စားစွာကြည့်ရင်း လိုက်လုပ်နေတယ်။ မီးတောက်တွေဟာ မီးဖိုပေါ်မှာ တရှိန်ရှိန် တောက်လောင်နေပြီး အိုးထဲက ရေတွေက တပွက်ပွက်ဆူလို့ အငွေ့တွေ ထနေတယ်။

ရေဆူဆူထဲကို ခေါက်ဆွဲတဆုပ် ထည့်လိုက်တယ်။ အိုးထဲကနေ မွှေးပျံ့တဲ့ရနံ့က ချက်ချင်း လှိုက်တက်လာတယ်။ ခေါက်ဆွဲတွေဟာ ဂန္ဓမာပွင့်လို ပြန့်ကားထွက်သွားပြီး မီးဖိုပေါ်က အိုးလေးဟာ ထင်းမီးထိုးပေးမှုအောက်မှာ လှလှပပ ဆူပွက်နေတယ်။

"နျန်းနွီ ငါ့အတွက် ကြည့်ထားပေး။ မပြတ်စေနဲ့နော်။ သက်ရှည်ခေါက်ဆွဲက ပြတ်သွားလို့ မရဘူး"

"ဟုတ်ကဲ့"

ခေါက်ဆွဲပြုတ်ထားတဲ့အချိန်မှာ ရှောင်းကျန့်က တခြားအလုပ်တွေ ဆက်လုပ်တယ်။ သူ အဖြူရောင်ကြွေအိုးရဲ့အဖုံးကို ဖွင့်လိုက်တဲ့အခါ အထဲကနေ ချိုချိုချဉ်ချဉ် ရနံ့လေးက သင်းပျံ့လာတယ်။ အိုးထဲမှာတော့ လိမ္မော်သီးတွေ ရှိပြီး ရှောင်းကျန့်ကိုယ်တိုင် သကြားနဲ့ ယိုစိမ်ထားတာ ဖြစ်တယ်၊။ ဝမ်ရိပေါ်က အချဉ်ကြိုက်တာမို့ သကြားကို နည်းနည်းပဲ ထည့်ထားတယ်။

အရည်ကြည်တွေဟာ နွေဦးရဲ့ သစ်ရွက်စိမ်းလေးတွေနဲ့ ရောနှောနေတယ်။ အရည်ကြည်တွေပေါ်မှာ ပေါလောပေါ်နေတာများ ညနေခင်း ဆည်းဆာနေတောက်ချိန် စမ်းချောင်းထဲ အေးအေးလူလူ ရေစိမ်နေသလိုပဲ။

နျန်းနွီက တချက်ကြည့်လို့ မနေနိုင်စွာ ချီးကျူးလိုက်တယ်။

"ဘုရားရေ ဖုရန်က အရမ်းတော်တာပဲ။ လူတင် အရမ်းလှတာ မဟုတ်ဘူး၊ အချက်အပြုတ်လည်း အရမ်းတော်တယ်! ဖုရန်နဲ့ လက်ထပ်ရတဲ့သူကတော့ တကယ်ကို ကံကောင်းတာပဲ။ အဲ့ဒီ ဘုရင့်သမီးတော်တွေ၊ သူဌေးသမီးတွေဆိုတာ ဖုရန်ကို ဘယ်နေရာမှ မယှဉ်နိုင်ဘူး!"

အရိုးမိစ္ဆာ ||Completed||Where stories live. Discover now