1.

492 36 0
                                    

ဂျလိန်း...ဂျိမ်း

အချိန်အားဖြင့်ညတစ်နာရီခွဲ ကောင်းကင်တစ်ခုလုံးမဲမှောင်လျက် မိုးချုန်းသံတို့ကလွဲပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်လျှက်ရှိ‌လို့နေသည်။

ချွေးသံတရွှဲရွှဲနဲ့အိမ်မက်ကနေလန့်နိူးလာပုံရတဲ့ဆောင်းဟွန်းရဲ့ပုံစံဟာအမောတကြီး...သက်ပြင်းတို့ရှိုက်ကာ မျက်လုံးသူငယ်အိမ်တို့ကလဲကနာမငြိမ် တစ်ခုခုကိုကြောက်လန့်နေပုံရ၏။

ခေါင်းတွေကိုက်လိုက်တာ...အသက်ရှူရတာလဲအဆင်မပြေဘူး..

အခုချိန်မှာသူစိတ်တည်ငြိမ်ဖို့တစ်ခုခုလိုအပ်နေတာအမှန်။ကုတင်ဘေးကအံဆွဲငယ်ကိုလှမ်းဆွဲဖွင့်ပြီး အဖြူရောင်ဘူးငယ်လေးထဲကဆေးတချို့ကိုလက်ဝါးပြင်ပေါ်သို့အလောတကြီးထုတ်ယူပြီး ခပ်မြန်မြန်ပင်ပါးစပ်နားတေ့ကာရေနဲ့အတူသောက်ချလိုက်ရသည်။ပြီးတော့မှသက်ပြင်းတစ်ချက်ရှိုက်ကာ...

လူကိုအတော်လေးကိုစိတ်အနှောက်ယှက်ပေးလှတဲ့ထိုအိပ်မက်အကြောင်းပြန်တွေးမိတိုင်းခေါင်းကအလိုလိုထိုးကိုက်လာပြန်တယ်။ အဆစ်အနေနဲ့ရင်ဘတ်တစ်ခုလုံးကပါတဆစ်ဆစ်နာကျင်လာရသည်။စိတ်ရှုပ်စွာပင်ဆံနွယ်တို့ကိုထိုးဖွရင်း ပြန်အိပ်ဖို့ပြင်ရမည်။

Electrotechnology Scientist Academy  Graduated တစ်ယောက်ဖြစ်တဲ့သူ့အတွက်အိပ်ချိန်ကပုံမှန်မရှိ။စားချိန်နဲ့အိပ်ချိန်အတွက်သူ့မှာသီးသန့်မထားခဲ့။သူဟာများသောအားဖြင့်စမ်းသပ်ခန်း၊ဓာတ်ခွဲခန်းနဲ့ဆွေးနွေးခန်းမတို့မှာမှာအချိန်ကုန်နေတတ်သည်။

အီလက်ထရောနစ်သိပ္ပံပညာရှင်တစ်ယောက်ဖြစ်လာဖို့ကသူ့ရဲ့အိပ်မက်။အခုတော့သူဟာထိုအိပ်မက်တို့ကိုအကောင်ထည်ဖော်နိုင်နေပါပြီ။ဖေဖေမေမေတို့နဲ့ခွဲနေဖြစ်တာလဲအတော်ကြာပြီ။မိဘတွေကသာသူ့ဆီလာလည်ခဲ့ကြပေမယ့်သူဟာအိမ်ကိုတစ်ခါမှမပြန်ဖြစ်ခဲ့။ဖုန်းနဲ့သာအဆက်သွယ်လုပ်ရင်းမိဘတွေရင်းနှီးအောင်ကြိုးစားရသည်။

ဆေးသောက်ပြီးမကြာလိုက်သူပြန်အိပ်ပျော်သွားတော့တယ်။ထိုအိပ်မက်တွေထပ်မမက်တော့ဖို့ဆုတောင်းရင်းပေါ့...

{ အရှင်ငယ် }...*SUNSUN*Where stories live. Discover now