1907 flash back,🏰
လော့စ်အိန်ဂျလိစ်မြို့ရဲ့ဘုရင်နဲ့မိဖုရားတို့မှာ သိပ်ချစ်ရတဲ့သားတော်နှစ်ပါးရှိတယ်။ထိုနေ့ကမင်းသားငယ် Williams Sunooရဲ့အသက်၁၈နှစ်ပြည့်မွေးနေ့။လော့စ်အိန်ဂျလိစ့်တစ်မြို့လုံးတူရိယာသံတို့ဖြင့်ဆူညံလျက် လူထုအပေါင်းတို့ကလဲလိုက်ပါဆင်နွှဲကာအလွန်စည်ကားလှသည်။
ဘုရင့်နန်းတော်ထဲမှာလဲ အမှုထမ်းများအားလုံးဟိုဟိုဒီဒီပြေးလွှားကာအလုပ်ရှုပ်လျက်ရှိ၏။လော့စ်အိန်ဂျလိစ်မြို့အတွက်ထိုနေ့ဟာအရေးပါတဲ့နေ့တစ်နေ့ဖြစ်သလိုပျော်ရွှင်ဖွယ်ရာနေ့မြတ်လေးတစ်ခု...ထိုလူဟာ တစ်မြို့လုံးရဲ့အချစ်ခံမင်းသားငယ်Sunooမွေးနေ့ဖြစ်လို့ပါပဲ။
"ဒီမှာဘာလုပ်နေတာလဲ Benjamin!
ကျနော်ကတော့ခင်များကိုလိုက်ရှာလိုက်ရတာ နန်းတော်တစ်ခုလုံးနှံ့နေပြီ ခင်များကတော့ဒီမှာလာပြီးဇိမ်ကျနေတယ်ပေါ့
မင်းသားရဲ့ကိုယ်ရံတော်ဖြစ်ပြီးမင်းသားနားမှာကိုမရှိဘူး"မင်းသားငယ်ဟာ ကိုယ်ရံတော်Benjaminအားတွေ့တာနဲ့ပူညံပူညံလုပ်တော့တာပါဘဲ။ထိုလူကတော့ တုတ်တုတ်မျှမလှုပ် မင်းသားငယ်အားတစ်ချက်မော့ကြည့်ကာ သောက်လက်စဝိုင်ခွက်ကိုဆက်သောက်လို့နေတယ်။
ထိုလူ့ပုံစံကိုကြည့်ပြီးမင်းသားငယ်ဟာစိတ်မရှည်တော့။
ဒီနေ့ဟာသူ့ရဲ့မွေးနေ့ကိုမကြာခင်ဧည့်သည်တွေကိုဧည့်ခံရတော့မှာကို သူ့ကိုယ်ရံတော်ဖြစ်သူဟာသူ့အနားမှာသေချာပေါက်ရှိနေသင့်တာကို အခုလိုလျှောက်သွားနေတာမို့သူစိတ်မရှည်တော့ပါ။"ကိုယ်ရံတော်Benjamin!!"
သူအသံကိုမြှင့်ကာခေါ်လိုက်တော့ ကိုယ်ရံတော်ကသူ့ကိုလှည့်ကြည့်ကာချက်ချင်းမတ်တပ်ရပ်လာတယ်။သူစိတ်တိုနေတာကိုရိပ်မိပုံရတယ်။
"ဟုတ်ပါပြီ အရှင်ငယ်~
ကျနော်မျိုးအခုဘဲလိုက်ခဲ့ပါ့မယ် ဟုတ်ပြီလား"တွေ့လား...အားလုံးကသူ့ကိုမင်းသားငယ်လို့ခေါ်ကြပေမယ့် သူ့ရဲ့အကောင်းစားကိုယ်ရံတော်ကြီးကတော့ သူ့ကိုအရှင်ငယ်လို့ခေါ်လေတယ်။
ဘာလို့အဲ့လိုမျိုးခေါ်တာလဲလို့မေးတော့ "မင်းကကိုယ်ရဲ့အရှင်ငယ်မို့လို့လေ"တဲ့။သူခေါ်ချင်လို့ခေါ်တယ်ဆိုတဲ့အဓိပ္ပာယ်ဘဲမဟုတ်လား...သူကြိုက်လားမကြိုက်လားကိုတစ်ခါမှမမေးတာ။
ဆောနူဘက်ကလဲဘာမှငြင်းဆိုမနေခဲ့ ဘာလို့ဆိုသူကိုယ်တိုင်လဲသဘောကျတာမို့။
YOU ARE READING
{ အရှင်ငယ် }...*SUNSUN*
Fanfictionဝိုးတဝါးသာကျန်ရစ်နေတဲ့ အတိတ်ကိုမျက်ကွယ်ပြုရင်း...အချိန်တွေကုန်ဆုံးသွားလိုက်တာ မနက်ဖြန်ကိုတောင်မေ့နေမိတယ်...❤️🩹🌄