ကံကြမ္မာက အစကတည်းကခွဲခွာရဖို့စီစဉ်ပေးထားခဲ့မှန်းသိခဲ့ပါလျှင်...
အချစ်ကို သူဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ရှောင်ခဲ့မိမယ်ထင်...။.
ခွမ်း!!..ကျကွဲသံတစ်ခုနဲ့အတူခြေထောက်နဘေးကြွေမွစွာပျံ့ကျဲနေတဲ့မြေပန်းအိုးလေးကြောင့် အထိတ်တလန့်နဲ့ထအော်မိကြသည်။
အစေခံကောင်မလေးတွေနဲ့အတူအထိန်းတော်ကြီးကပြာပြာသလဲအပြေးကလေးဆောနူအနားသို့ရောက်လာကြသည်။"မင်းသားငယ် ထိခိုက်မိသွားသေးလား?"
ဆောနူကခေါင်းလေးအသာခါပြတော့အထိန်းတော်ကြီးကသက်ပြင်းလေးချရင်းကစိုးရိမ်သံတို့ပေးပြန်တယ်။
"ကျနော်မျိုးမ,ဖြင့်လန့်သွားတာဘဲ မင်းသားငယ်ရယ်...
ကျန်တဲ့ပန်းအိုးတွေကိုကျနော်မျိုးမတို့ဘဲဆက်ပြီးပြင်ဆင်လိုက်ပါ့မယ်
မင်းသားငယ် အေးဆေးနားတော်မှုပါ"ဘာရယ်ကြောင့်မသိ ဆောနူစိတ်တွေအတော်လေးလေးလံနေမိတယ်။သေချာကိုင်ထားရင်းနဲ့က ကျကွဲသွားခဲ့ပန်းအိုးလေးကြောင့်ရယ်လားမသိတော့။ပစ္စည်းတစ်ခုခု ရုတ်တရက်ကျကွဲတာတို့က နိမိတ်မကောင်းဘူးလို့တချို့ကပြောကြတယ်မဟုတ်လား။ဆောနူကထိုသို့အတွေးများတတ်သူမို့ ချစ်ရသူကအဝေးတစ်နေရာကအန္တရာယ်ကြားထဲမှာ သူစိတ်မအေးလှပါ။
"အထိန်းတော်ကြီး"
"အမိန့်ရှိပါ မင်းသားငယ်"
"ဘာလို့အကိုအိမ်ရှေ့စံမင်းသားတို့အကြောင်းမကြားရသေးတာလဲ။
ဒီလောက်ဆို သတင်းပို့ဖို့လူလွှတ်ပေးသင့်နေပြီကို""ကျနော်မျိုးမ...မသိ..ကြောင်းပါ မင်းသားငယ်"
ဟင်းးး~
ဆောနူ သက်ပြင်းတို့သာချမိတော့သည်။
ရုတ်တရက်မိမိရှိရာအရှေ့သို့အရှိန်နဲ့ပျံဝဲလာတဲ့အဖြူရောင်ငှက်ကလေးကြောင့် ဆောနူမတ်တပ်ထရပ်လိုက်မိတာ ထိုအရာလေးအားဆီးကြိုလိုက်လေတယ်။ထိုသည်ကား စာပို့ငှက်ငယ်ကလေးပင်ဖြစ်လို့နေ၏။စာပို့ငှက်ရဲ့ခြေထောက်မှာချည်ထားတဲ့စာရွက်ငယ်လေးကိုဖြုတ်ယူကာ ငှက်ကလေးကိုပျံသန်းခွင့်ပေးလိုက်လေတယ်။ထိုစာသည် ချစ်ရသူနဲ့အကိုအီသန်တို့ဆီက သတင်းအကြောင်းရာပင်ဖြစ်လိမ့်မည်။ဘာကြောင့်ဆို ထိုစစ်ဆင်ရေးအတွင်းဆောနူထည့်ပေးလိုက်သည့် လျှို့ဝှက်အထောက်တော်ဆီက သူ့ထံပို့ပေးလိုက်သည့်သတင်းအချက်လက်ပင်။
YOU ARE READING
{ အရှင်ငယ် }...*SUNSUN*
Fanficဝိုးတဝါးသာကျန်ရစ်နေတဲ့ အတိတ်ကိုမျက်ကွယ်ပြုရင်း...အချိန်တွေကုန်ဆုံးသွားလိုက်တာ မနက်ဖြန်ကိုတောင်မေ့နေမိတယ်...❤️🩹🌄