အလုပ်ခရီးသွားရမယ်ဆိုတဲ့အကြောင်းအိမ်ကိုလှမ်းအကြောင်းကြားလိုက်တာနဲ့မေမေကချက်ချင်းကိုသူ့တိုက်ခန်းကိုရောက်လာတော့သည်။မေမေကိုယ်တိုင်ကအထုပ်အပိုးတွေသေချာပြင်ပေးရင်းပါးစပ်ကလဲတတွတ်တွတ်မှာကြားပြန်သည်။
"စိတ်မပူပါနဲ့ဆို ကျနော်ကကလေးမှမဟုတ်တော့တာဗျာ"
"ပတ်ဆောင်းဟွန်းတို့ပြောလိုက်ရင်အဲ့တိုင်းရီးဘဲ LAမှာဒီလောက်အေးတာကိုသားကအအေးမှမခံနိုင်တာပဲကိုမေမေစိတ်ပူတာပေါ့"
မေမေ့စကားကိုသူအထွန့်မတက်မိ။သူဟာအအေးမခံနိုင်တဲ့သူမို့ကိုရီးယားနိုင်ငံရဲ့ဆောင်းရာသီမှာတောင်သူဟာမကြာခနဖျားနာတတ်တယ်။အဲ့လိုအချိန်ဆိုမေမေကသူ့ဆီခနခနလာလည်ပြီးရက်သတ်တစ်ပတ်အနည်းငယ်ကြာအောင်အတူလာနေပေးတတ်ပြန်တယ်။အခုလဲသူကနိုင်ငံခြားခရီးသွားရမယ်ဆိုတာနဲ့မေမေကမှာကြားနေတာမပြီးတော့ မေမေရောတခါထဲလိုက်ခဲ့ပါလားလို့မေးရင်အထုပ်ပြင်ပြီးတစ်ခါထဲလိုက်မယ့်ပုံ။
"အိမ်ကိုဖုန်းဆက်ဖို့လဲမမေ့နဲ့အုံး...ဆူဘင်းနီးနဲ့လဲအဆင်ပြေအောင်နေ"
"အကိုဆူဘင်းနဲ့ကျနော်က အဆင်ပြေပါတယ် အိမ်ကိုလဲတစ်နေ့တစ်ခါဖုန်းဆက်ပါ့မယ်ဟုတ်ပြီလား"
"ရည်းစားလေးဘာလေးမထားတော့ဘူးလား အဲ့မှာသဘောကျတဲ့သူတစ်ယောက်လောက်ရှာခဲ့ပေါ့ နိုင်ငံခြားသူလဲမေမေကချွေးမတော်ဖို့အသင့်ဘဲနော် ပတ်ဆောင်းဟွန်းရှီး"
"စလာပြန်ပြီဒီကိစ္စ...ကျနော်မိန်းမမယူချင်ပါဘူးဆို"
"ဟဲ့! အဲ့ဒါဆိုယောကျာ်းယူမလို့လား?မေမေကတော့ဘာဖြစ်ဖြစ်အဆင်ပြေတယ်နော်"တဲ့
"မေမေ! အဲ့တာကြောင့်ဖေဖေကပြောတာမေမေ့ကိုမနိုင်ဘူးတဲ့"
ဆောင်းဟွန်းကအမေဖြစ်သူကိုလက်မြှောက်အရှုံးပေးတဲ့ပုံစံလေးလုပ်ပြကာပြောတော့ မေမေကခါးထောက်ပြီး
"မင်းအဖေကငါ့ကိုချစ်တယ်လေ#$*&#@&$#.."
ဆောင်းဟွန်းတစ်ယောက်ခေါင်းသာခါယမ်းမိတော့တယ်။မေမေ့ဆီကနေအမြဲတမ်းလိုလိုကြားနေရတဲ့အကြောင်းကဖေဖေကမေမေ့ကိုဘယ်လောက်ချစ်ကြောင်းအလိုလိုက်ကြောင်းပင်။ထိုအကြောင်းတွေပြောနေရရင်မေမေဟာအမြဲတမ်းပြုံးနေပြီးတက်ကြွနေတတ်သည်။မေမေပျော်နေရင်ပြီးရော ဆောင်ဟွန်းကိုယ်တိုင်ကလဲသေချာလေးကိုထိုင်ပြီးနားထောင်ပေးနေတတ်တာအကျင့်ပင်ဖြစ်နေလေပြီ။
YOU ARE READING
{ အရှင်ငယ် }...*SUNSUN*
Fanficဝိုးတဝါးသာကျန်ရစ်နေတဲ့ အတိတ်ကိုမျက်ကွယ်ပြုရင်း...အချိန်တွေကုန်ဆုံးသွားလိုက်တာ မနက်ဖြန်ကိုတောင်မေ့နေမိတယ်...❤️🩹🌄