စစ်ဆင်ရေးစတင်ခဲ့ပြီးနှစ်ရက်မြောက်တဲ့နေ့...။
အရှင့်သားEvanလဲအတော်လေးပင်ပန်းနေပြီဖြစ်သလို Jakeနဲ့Benjaminမှာလဲ အတော်ကိုမှမသက်မသာနဲ့ပင်ပန်းနေမိ၏။နှစ်ရက်မြောက်တဲ့နေ့ ဒီညမှာပင်အရှင့်သားEvanကစစ်ဆင်ရေးအားအပြီးသတ်ဖို့တိုင်ပင်လာခဲ့တယ်။အရှင့်သားနည်းတူ ဖြစ်နိုင်ရင်အားလုံးဟာလဲစစ်ဆင်ရေးကိုအမြန်ဆုံးအပြီးသတ်ပြီး အိမ်ပြန်ချင်နေကြတဲ့သူများပင်။သို့ပေသိ ဒီညအပြီးသတ်ရန်တဖက်ကရန်သူအင်အားကိုယှဉ်နိုင်ဖို့ကခက်လှ၏။ထိုအချက်အား Benjaminစိတ်ထဲဝယ်ဘဝင်မကျ...
"အရှင့်သား ကျနော့်အထင်ဒီညအပြီးသတ်ဖို့ကခက်ခဲတဲ့အခြေနေတစ်ခုဖြစ်လာမှာစိုးရိမ်မိတယ်"
"ကိုယ်ရံတော်Benjaminက စိုးရိမ်နေတာရှိလို့လား?
အကြံပေးစရာရှိရင်ပြောလေ""တကယ်တန်းပြောရရင်ကျနော်တို့ဘက်ကလူအင်အားကတစ်ဝက်သာသာပဲရှိတော့တာ...အင်း.။သူတို့ဘက်ကအရင်ဆုတ်သွားပေမယ့် ကျနော်တို့တွေးသလိုပဲ သူတို့ဘက်ကလဲဒီညအပြီးတိုက်ဖို့အတွက်လူအင်အားထပ်တိုးေခါ်လာမှာကိုစိုးရိမ်မိတယ် ကျနော်တို့ဘက်ကလဲရန်သူကိုလျော့မတွက်သင့်ဘူးမလား"
Benjaminထောက်ပြချက်ကအဓိပ္ပာယ်ရှိကြောင်းEvanကခေါင်းညိမ့်ကာထောက်ခံသည်။Jakeကလဲအရှင့်သားEvanကိုလှမ်းကြည့်ကာအကဲခတ်သည်။
"ဒါဆိုကိုယ်ရံတော်Benjaminဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ"
"ဒီညပဲအပြီးတိုက်မယ်!! ဒါပေမယ့်ကျနော်တို့လူခွဲပြီးလှုပ်ရှားကြရအောင်"
Benjamin ကအချက်ကျကျဗျူဟာဆွဲပြလာသလိုJakeကလဲပါဝင်အားဖြည့်လေသည်။နောက်ဆုံးစစ်ဆင်ရေးဗျူဟာရေးဆွဲပြီးတော့ အရှင့်သားEvanကလဲလော့စ်အိန်ဂျလိစ်ရဲ့အတော်ဆုံးကိုယ်ရံတော်နှစ်ယောက်ဖြစ်တဲ့Benjamin နဲ့ Jakeအားချီးကျူးလာသလိုစစ်ဆင်ရေးအဖွဲ့ဝင်အားလုံးဟာလဲချီးကျူးကြလေတယ်။
အနိုင်အရှုံးသည်သူတို့အားလုံးပေါ်မူတည်နေသလို Benjaminနဲ့Jakeအပေါ်လဲမူတည်နေလေသည်။
အရှင့်သားEvanနဲ့Jakeကိုတစ်ဖွဲ့,ဖွဲ့ပေးလိုက်ပြီးBenjaminကတော့စစ်သည်တစ်ချို့နဲ့တစ်ဖွဲ့ပြင်ဆင်ကာ စစ်ဆင်ရေးစတင်ဖို့ပြင်ဆင်ကြတော့တယ်။
ထိုအချိန်လူစုမခွဲခင်အရှင့်သားEvanကBenjaminဆီကိုရောက်လာပြီး စကားတစ်ချို့ပြောခဲ့သေးသည်။
YOU ARE READING
{ အရှင်ငယ် }...*SUNSUN*
Fanficဝိုးတဝါးသာကျန်ရစ်နေတဲ့ အတိတ်ကိုမျက်ကွယ်ပြုရင်း...အချိန်တွေကုန်ဆုံးသွားလိုက်တာ မနက်ဖြန်ကိုတောင်မေ့နေမိတယ်...❤️🩹🌄