Chapter-2

91 6 2
                                    

Unicode

*ညောင်!

"အမလေး ငါ့သမီးလေးတွေ မင်းလေးတို့ ဗိုက်ဆာနေကြပြီလား"

*ညောင်!

"ခဏလေး ဖေကြီး အထုပ်ဖောက်နေတုန်း ခဏလေးစောင့်ကြကွာ"

သူတို့လေးတွေက လိမ်မာတယ်ဗျ။ငြိမ်ငြိမ်လေး စောင့်ပေးရှာတယ်။

"ရော့စား...ကြိုက်ရဲ့လား ဖေကြီးအထုပ်ပြောင်းဝယ်ကြည့်တာလေ"

အားရပါးရစားနေတဲ့ ကြောင်လေးနှစ်ကောင်ကိုကြည့်ရင်း မိဘလိုမျိုး ပီတိတွေကဝင်လာပြန််ပါတယ်။

"ဒါဆို ဖေကြီးသွားတော့မယ်လေနော် ဂရုစိုက်ကြအုံးနော် ခွေးတွေလာရင်ပုန်းနေ သိလား အမြင့်မှာနော်ကြနော်"

မှာစရာရှိတာမှာပြီး ပြန်အလှည့် ဘေးခန်းက ကောင်လေးကို တွေ့လိုက်တယ်။hoodieကြီးကို ခေါင်းစွပ်ပြီး maskအမဲကြီးပါတပ်လို့..။မျက်နှာကိုမမြင်ရတာ။သူ့ကြည့်ရတာ လူသတ်ပြီးထွက်ပြေးလာတဲ့ လူသတ်သမားများလားပဲ။

"ဟိတ်!ဟိုတစ်ယောက်!"

ခေါ်လိုက်ခါမှ ခြေလှမ်းတို့က တုန့်ခနဲ ရပ်သွားတယ်။ဒါပေမဲ့ တစ်ချက်ပဲငဲ့ကြည့်ပြီး ခြေလှမ်းက စောနကထက်မြန်သွားတယ်။

"ဟိတ် ဟိုကောင်လေး နေပါအုံး!!ဟိုတစ်ယောက် အမဲလေးနဲ့!!"

စောနကထက်ကျယ်ကျယ် အော်ခေါ်လိုက်မှ တကယ်ရပ်သွားပြီး နောက်ကိုလှည့်ကြည့်လာတယ်။

"ဟူး မင်းကလဲ!ခေါ်လိုက်ရတာ"

"ဘာကိစ္စလဲ"

အဲ့ကောင်လေးအသံက ဘောက်ဆတ်ဆတ်။

"ဘယ်ကိုသွားမလို့လဲ?ငါလိုက်ပို့ပေးရမလား ငါက ဒီနယ်ကိုကျွမ်းတယ်လေ"

"မလိုပါဘူး"

"ဒီကိုပြောင်းလာတာကြာပြီလား"

"ဒီမယ် စာကလေး!ဘာကိစ္စမှမရှိရင် သွားတော့!"

စာကလေးတဲ့။ကျွန်တော့်ကို စာကလေးတဲ့!!။ကျွန်တော် ဘယ်လောက်မှစကားမပြောရသေးဘူးလေ။

"ခင်ဗျားကလဲ!စေတနာနဲ့ကို မတန်ဘူး!!ဟွန့်!"

ဘယ်ရမလဲ။တက်သစ်စတဲ့ တစ်စပဲရှိတယ်။သူရန်မတွေ့ရဲတော့အောင် ပြန်အော်၊ခြေဆောင့်ပြီး အနားကထွက်လာခဲ့တယ်လေ။ဒီလောက်ဆိုရင် ကျွန်တော်ဒေါသထွက်သွားမှန်း သူသိလောက်ပါတယ်နော်။
.
.
ကုတင်ပေါ်လူးလိမ့်ရင်း ဘေးခန်းက ကောင်လေးပြန်အလာကို စောင့်နေမိတယ်။

ဘေးအခန်းကအချေတော်လေးကိုအပိုင်ကြံမယ်Where stories live. Discover now