Chapter-7

148 7 4
                                    

~ဒါအချစ်လို့ခေါ်သလား.....ကိုယ်မသိလိုက်ခင်....ရင်ခွင်ထဲ.တိုး.....နောက်ဆုံးတော့...မင်းနဲ့မှ ချစ်တတ်ပြီပေါ့....~

သီချင်းနားထောင်ရင်းကမှ မနေ့ညက ဘေးခန်းကကောင်လေးကို ပြန်မြင်ယောင်လာမိတယ်။မနေ့က ထူးထူးဆန်းဆန်း စကားတွေအများကြီးပြောပြီးတော သီချင်းပါ ဆိုပြသွားတဲ့ ကောင်ကလေးက မနက်ကျ ဒုံရင်းက ဒုံရင်း အမြင်ကပ်စရာလေးအဖြစ် ပြန်ပြောင်းသွားတယ်လေ။မနေ့ကအဖြစ်အပျက်ပါကြုံပြီးခါမှ ကျွန်တော့်အတွေးထဲမှာ ဘေးခန်းက ကောင်လေးမှာ အမွှာညီအစ်ကိုများရှိနေတာလားဆိုပြီး တွေးမိရတဲ့အထိပါပဲ။

ဘာဘဲဖြစ်ဖြစ် နှစ်ပတ်ကျော် သုံးပတ်ကာလအတွင်းမှာ ကောင်ကလေးနဲ့ စကားတွေအများကြီးပြောပြီး သူဆိုပြတဲ့ သီချင်းပါနားထောင်လိုက်ရတဲ့ အဲ့ဒီနေ့မှာတော့ ကျွန်တော်သေချာသိခဲ့ရပါတယ်။ကျွန်တော်သူ့ကို တကယ်စိတ်ဝင်စားနေမိပြီဆိုတာ.....အဲ အဲ့ထက်သေချာတာကတော့ ချစ်မိသွားပြီ....။

"သစ်!အမယ် တစ်ယောက်ထဲပြုံးလို့ပါလား"

ကိုရဲခန့်ဇော်က ပြုံးစိစိနဲ့ ကျွန်တော့်မျက်နှာကို အကဲခတ်နေတယ်။

"ပြောပြပါအုံး ဘာတွေများ ကြည်နူးစရာလေးတွေကြုံခဲ့ရလို့လဲ...."

"ဘာမှ မကြုံခဲ့ရပါဘူးဗျာ....ဒီတိုင်း သီချင်းနားထောင်နေတာပါ"

ကိုရဲခန့်ဇော်က အဲ့အခါမှ ပိုပြီး ပြုံးစိစိဖြင့် ရယ်သံစွက်တဲ့လေသံကြီးနဲ့

"Oh my god! သစ်!မင်းအခု Fall in love နေတာပဲ ဟုတ်တယ်မလား.... နားထောင်နေတဲ့ သီချင်းရယ် ကြည်နူးပြုံး ပြုံးနေတဲ့ မျက်နှာပေးရယ် အရင်ကထက် တောက်ပနေတဲ့ မျက်လုံးတွေရယ် လုံးဝမငြင်းနဲ့နော် "

"အစ်ကိုကလဲဗျာ!...."

မှန်နေတာမို့ ကျွန်တော်အော်သာရယ်နေမိတော့တယ်။အစ်ကိုကတော့ ငါသိနေပါတယ်ဆိုတဲ့ မျက်နှာပေးနဲ့သာ။

"အစ်ကိုသစ်!အစ်ကိုသစ်!"

မိုးတိမ်ထက်က ထုံးစံအတိုင်း လူကိုတွေ့တာနဲ့ အော်ခေါ်ပြီး လှစ်ခနဲအနားရောက်လာတယ်။

ဘေးအခန်းကအချေတော်လေးကိုအပိုင်ကြံမယ်Where stories live. Discover now