Unicode
ညကပေးထားတဲ့ alarm သံကြောင့် စောစောနိုးလာတာမို့ ထမင်းဟင်း ချက်ပြုတ်ရတယ်။တစ်ခါမှ မထဖူးတာမို့ အိပ်ကအငိုက်သား။ဒါပေမဲ့လဲ ဘေးခန်းကကောင်လေးအတွက် ကြိုးစားပြီးချက်ရတာပေါ့။
မနက်6:00လောက်မှာ အကုန်ပြီးစီးတယ်။ကျွန်တော်လဲ ဆေးရုံသွားဖို့ ပြင်ဆင်ပြီးတော့ ခဏလောက်အနားယူလိုက်တယ်။
7နာရီကျတော့ ဇေ့ ဆီက ဖုန်းရတာမို့ ချိုင့်လေးဆွဲလို့ ဘေးခန်းက ကောင်လေးဆီ ဦးတည်တယ်။
*ဒေါက် *ဒေါက်
*ဒေါက် *ဒေါက်
ခေါက်ပေမဲ့ အထဲက ထွက်မလာတာနဲ့ နာရီကို ငုံ့ကြည့်ရပြန်တယ်။ကိုယ့်ရဲ့အခြေအနေကို ဇေ တွေ့သွားလို့မဖြစ်ဘူး။အဲ့ကောင်က သေချာပေါက် ဟား မှာ။
*ဒုန်း *ဒုန်း
*ဒုန်း *ဒုန်း
*ဂျောက်
လက်သီးဆုပ်ပြီး တံခါးကို တဒုန်းဒုန်းနဲ့ထုခါမှ တံခါးကပွင့်လာတယ်။ကိုယ့်လုပ်ရပ် လွန်မှန်းသိလို့ အံ့ကောင်လေးရဲ့ မျက်နှာရိပ်မျက်နှာကဲကို တစ်ချက်ကြည့်ရပါသေးတယ်။
မီးခိုးရောင် ဆွဲသား ညအိပ်ဝတ်စုံဝတ်ဆင်ထားတဲ့ ကောင်လေးက မျက်လုံးလေးမှေးပြီး ကြည့်လာလေရဲ့။ဆံပင်တွေကလဲ ပွရှုပ်လို့။
"အနှောင့်အယှက်ဖြစ်သွားလားဟင် ငါက အလုပ်သွားရတော့မှာမလို့လေ အဲ့တာမင်းစားဖို့ စောစောလာပို့ပေးတာ"
"အင်း...."
"ဟို ချိုင့်အပြန်ကျမှယူမယ်နော် သူငယ်ချင်းက လာခေါ်နေပြီမို့"
"အင်း"
အိပ်ချင်မူးတူးဖြစ်နေတာတောင် လူကိုချေနိုင်သေးပါတယ်။
*တီ...တီ..
"ရောက်ပြီလားဇေ အော ငါလာပြီ..... ငါသွားပြီနော်"
"အင်း..."
အိပ်ချင်မူးတူးပုံစံလေးကပါ ရင်ထဲထိ တိုးဝင်လာတော့ လူက ပြုံးဖြီးဖြီး။အဲ့ခံစားချက်ကို အဓိပ္ပာယ်ဖွင့်လို့မရ။
"သစ်..ပြုံးစိစိနဲ့ ဘာဖြစ်လာတာလဲ"
"လျှို့ဝှက်ချက်"
![](https://img.wattpad.com/cover/345381509-288-k871417.jpg)
YOU ARE READING
ဘေးအခန်းကအချေတော်လေးကိုအပိုင်ကြံမယ်
RomanceUni+Zgyi ခင်ဗျားသိလား ခင်ဗျားနဲ့စတွေ့တဲ့နေ့ကတည်းက ကျွန်တော်cameraထဲသာမက ကျွန်တော့်နှလုံးသားတစ်ခုလုံးက ခင်ဗျားနဲ့ပဲပြည့်နှက်နေတာ။ **** ခင်ဗျားသိလား ခင်ဗျားနဲ့စတွေ့တဲ့နေ့ကတည်းက ကျွန်တော်cameraထဲသာမက ကျွန်တော့်နှလုံးသားတစ်ခုလုံးက ခင်ဗျားနဲ့ပဲပြည့်နှက်ေ...