Chapter-5

69 6 1
                                    

Unicode

"ဇေ ငါဗိုက်ဆာတယ်လို့!"

"ခဏလေးပါပဲ သစ် ရာ"

"ဇေ!!"

နားနေခန်းထဲမှာ အနားယူနေတဲ့ ဇေ့ကို မနည်းခေါ်ထုတ်နေရတယ်။မခေါ်ထုတ်လို့လဲမရ ခုက နေ့လယ်12နာရီ။မနက်တုန်းက လောလော နဲ့ ဟိုကောင်လေးအတွက်သာ မုန့်ပို့ပေးခဲ့ရပြီး ကိုယ့်အတွက်က မစားခဲ့ရတာမို့ ဗိုက်က အင်မတန်မှ ဆန္ဒပြနေပြီဖြစ်၏။

"ထပါပြီ ထပါပြီ အချစ်လေးရယ် အဲ့လို ဒေါသသံကြီးနဲ့ မအော်ပါနဲ့ ကိုကိုစိတ်မကောင်းဖြစ်တာပေါ့"

ကျွန်တော့်ထက် 2 လကြီးတဲ့ ဇေ က ကျွန်တော် သူ့ကို ဒေါသတကြီးအော်မိတိုင်း အမြဲပြောနေကြစကားဖြစ်သည်။

"ငါဗိုက်ဆာပါတယ်ဆိုနေ"

"လာလာ ကိုကို့ မိန်းမလေး ဘာစားချင်လဲ ဘာသောက်ချင်လဲ ကိုကို လိုက်ဝယ်ကျွေးမယ်လာ"

ကျွန်တော်က စိတ်ဆိုးဆိုးနဲ့ ရှေ့က ခပ်သွက်သွက် သွားတော့ ဇေ့ ရဲ့ ရယ်သံကြီးက ကျောမှာကပ်ပါလာတယ်။ဆေးရုံမှာရှိတဲ့ လူတွေအကုန်လုံးက ရှေ့ကဆောင့်အောင့်ပြီး သွားနေတဲ့ ကျွန်တော်နဲ့ နောက်ကနေ အသားကုန်ရယ်ပြီး လို‌က်ချော့နေတဲ့ ဇေ့ ကို ဝိုင်းကြည့်နေကြတယ်။

"သစ် ဘာစားမလဲ"

ဆေးရုံနဲ့ နီးနီးနားနား ဆိုင်တစ်ဆိုင်ကိုပဲ ရွေးဖြစ်တယ်။အရေးပေါ်လူနာတွေရောက်ရင် မြန်မြန်ပြေးလို့ရအောင်လို့လေ။

"အဆင်ပြေတာသာမှာလိုက် အော် ကြက်ချိုချဉ်ကြော်တော့ စားချင်တယ်"

"အင်း"

ဇေ က သူစားချင်တဲ့ဟာတွေရယ် ကျွန်တော်စားတတ်တဲ့ဟာတွေရယ်ကို သေချာရွေးပြီးမှာနေတယ်။အဲ့တော့ ကျွန်တော်က ဘာမှလုပ်စရာမလို။

"ဒီဆိုင်က မြန်တယ် ခဏလေးပဲစောင့်ရမှာ"

"အင်း"

ဇေနဲ့စကားဖောင်ဖွဲ့နေတုန်း မျက်စိထဲမြင်လာတဲ့ မြင်ကွင်းတစ်ခုက အလိုမကျချင်စဖွယ်။

ကောင်မလေးတစ်ယောက်နဲ့ ဘေးခန်းကကောင်လေး။ပြုံးပျော်ပြီး ဆိုင်ထဲဝင်လာကြတယ်။ရယ်မောပြီး စကားအပြောမပျက်တဲ့နှစ်ယောက်က ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်တယ်။ဟိုကောင်လေးက ကျွန်တော့်ကို ကျောပေးပြီးထိုင်တာမလို့ ကျွန်တော့်ကို မြင်ပုံမပေါ်။သူတို့ကိုကြည့်ရတာ အတွဲတွေနဲ့တူတယ်။အဲ့အတွေးလေးနဲ့အတူ နှလုံးသားထဲက အောင့်ခနဲ။

ဘေးအခန်းကအချေတော်လေးကိုအပိုင်ကြံမယ်Where stories live. Discover now