Chapter-6

66 5 2
                                    

Unicode

"အ့ စပ်တယ် ဒေါက်တာ"

မျက်လုံးရွဲကြီးတွေနဲ့ သနားကမားမျက်နှာလေးလုပ်ပြီးပြောနေတဲ့ ထူးဟန်ကို ဇေ က သနားနေပုံပါပဲ။သေသေချာချာ ဂရုစိုက်ပြီးလုပ်ပေးနေရှာတယ်။ကျွန်တော်ကတော့ အကူပေါ့ဗျာ။ထူးဟန်ဆိုတဲ့ ကောင်စုတ်လေးက ဒေါက်တာပိုင်ဇေသက် ပဲ လုပ်ပေးပါတဲ့လေ။

"ရပြီ ဆေးကို ပုံမှန်လေးလိမ်းပေး အဲ့တာဆို အမာရွတ်ကျန်မှာမဟုတ်ဘူး မြန်မြန်လဲပျောက်မယ်"

"ဟုတ် ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ?"

"ဒေါက်တာကိုယ်တိုင်လာပေးမလားဟင် ကျွန်တော်က မေ့တတ်လို့ပါ"

ဇေ က ထူးဟန်စကားကြောင့် ခဏလေးငြိမ်ပြီး စဥ်းစားနေပြန်သည်။

"ညဘက်ကောလာရမှာလား အဲ့လိုဆိုအဆင်မပြေဘူးထင်တယ်"

"မဟုတ်ဘူးလေ ဆေးရုံဆင်းရင်လာခဲ့ပေါ့"

"အာ အဲ့ချိန်ကျ အစ်ကိုက သစ် နဲ့ အတူတူ ပြန်တာလေ သူတစ်ယောက်ထဲဖြစ်နေမှာစိုးလို့"

ဇေ က ကျွန်တော့်ကို မေးဆတ်ပြရင်းပြောလာတော့ ထူးဟန်က မျက်နှာငယ်လေးနဲ့ မော့ကြည့်လာတယ်။ဒီကောင်လေးကြည့်ရတာ လက်လျော့မဲ့ပုံမပေါ်။

"အစ်ကိုသစ်ကိုပါ ခေါ်ခဲ့ပေါ့"

"ဟင့်အင်း မရဘူး ငါက အိမ်စောစောပြန်ရောက်မှ ထမင်းစောစောချက်လို့ရမှာ"

"ဟွန့် အဲ့တာဆို ဆေးမလိမ်းဘူး"

"ဇေရယ် နှစ်ရက်လောက်ပဲဟာ လက်ခံလိုက်ပါ ငါအစ်ကိုခန့်နဲ့ ပြန်လိုက်မယ်"

ကပ်သပ်ပြီး ပေကပ်နေတဲ့သူကို မနိုင်တော့တာနဲ့ ကျွန်တော်ကပါ ဇေ့ကို ဝင်ကူပြောပေးလိုက်တယ်။

"အင်းပါလေ နှစ်ရက်တည်းဟာကို ဟုတ်ပြီ သဘောတူတယ်"

"မနက်ကော နေ့လည်ကော ညနေကောနော် ပြီးတော့မနက်တကူးတကဖြစ်နေတယ်ဆိုရင် ညပါိအိပ်လို့ရတယ် ဆိုင်ရဲ့အနောက်ဘက်မှာ အခန်းရှိတယ်"

"နေပါ ငါ့ဟာငါပဲ လာလိုက်ပြန်လိုက်လုပ်ပါ့မယ်"

"ဟုတ်"

ဘေးအခန်းကအချေတော်လေးကိုအပိုင်ကြံမယ်Where stories live. Discover now