Chapter-4

139 10 2
                                    

Unicode

*ဂျိမ်း!!

မိုးချိန်းသံကြောင့် ညလယ်လောက်မှာ ကျွန်တော်နိုးလာခဲ့တယ်။

"အမလေး ငါ့အဝတ်တွေ မိုးရေစိုပြီလားမသိ"

အပြင်မှာထွက်လှမ်းထားတဲ့ အဝတ်တွေကိုသိမ်းဖို့မေ့နေတာ။မိုးအများကြီးရွာမချခင် သွားသိမ်းဖို့ ဝရံတာကို ခပ်မြန်မြန်သာထွက်သွားလိုက်တယ်။

ဘေးအခန်းကို မသိမသာလှည့်ကြည့်တော့ မီးတွေက ထိန်ထိန်လင်းလို့။မအိပ်သေးတာလား မီးဖွင့်အိပ်တတ်တဲ့သူလားတော့ မသိ။

"အေးလိုက်တာ"

ဆောင်းရာသီမှာ မိုးဖွဲလေးကျတယ်ဆိုရင်တောင် ချမ်းနေတာ မိုးက သဲကြီးမဲကြီးရွာချလာတော့ အိမ်ထဲကို အမြန်ပြေးဝင်ရတယ်။

မိုးချုန်းသံတွေကလဲ အဆက်မပျက်။မနက်ကျရင် စောစောထရအုံးမှာမို့ နားထဲကို ဂွမ်းသာဆို့ပြီး အိပ်ရတော့တယ်။
.
.
[7:00]

ခုလောက်ဆို ဟိုကောင်လေးနိုးလောက်ပြီထင်ပါရဲ့။

*ဒေါက်*ဒေါက်*ဒေါက်

တံခါးမဖွင့်ရင် မနေ့ကလို တဒုန်းဒုန်းနဲ့ထုမယ်လို့ တွေးရုံရှိသေး တံခါးက ဟသည်ဆိုရုံလေး ဟလာကာ အထဲကကောင်လေးက ခေါင်းပြူကြည့်သည်။

"ရော့ ဒီမှာ မင်းအတွက်"

အဲ့ကောင်လေးရဲ့ မျက်လုံးလေးတွေက မှေးစင်းလို့။သူ့ကြည့်ရတာ တစ်ညလုံးမအိပ်ရသေးတဲ့ပုံနဲ့။

"ဟေး မင်းနေကောင်းရဲ့လား?"

"အင်း"

"မဟုတ်ဘူး မင်းကြည့်ရတာ အဆင်ပြေမနေဘူး...တံခါးခဏဖွင့်"

"ဘာလုပ်ဖို့လဲ"

"ဖွင့်စမ်းပါ"

သူ့ဘက်က တံခါးဖွင့်ပေးလာတော့ ကျွန်တော်ကိုယ့်သဘောနဲ့ကိုယ် သူ့လက်ကိုဆွဲပြီး သူ့အိမ်ထဲကိုပြန်ခေါ်လာခဲ့တယ်။

"ထိုင်"

ထိုင်ဆိုတော့လဲ ခုံပေါ်မှာ အသာလေးဝင်ထိုင်ပြီး ကျွန်တော့်ကို ပြူးကြည့်နေတယ်။ကျွန်တော်နဲ့ ရန်မဖြစ်ချင်လို့ဘဲလား သူ့ဘာသူအိပ်ရေးမဝလို့လားတော့ ကျွန်တော်မသိ။ဒီတိုင်းပြူးတူးတူးလေးနဲ့ကြည့်နေတာ။

ဘေးအခန်းကအချေတော်လေးကိုအပိုင်ကြံမယ်Where stories live. Discover now