....
"ရူထို"
ကိုကို့အသံသည် အက်ရှရှ။
နီမြန်းနေသောမျက်ဝန်းထောင့်များနှင့် ရဲနေသော
မျက်ဆံသားများသည် မကြာသေးခင်ကပင်
ကိုကို ငိုကြွေးခဲ့ကြောင်း ဖော်ပြလို့နေသည်။
သူ့အားမော့ကြည့်နေသော ကိုကို့မျက်ဝန်းများတွင်
မျက်ရည်ကြည်တချို့ ရစ်သိုင်းလို့ လာပြန်သည်။"ကိုကို"
ကိုကို့အား ထွေးပွေ့ပစ်လိုက်ချင်သောစိတ်ကို အနိုင်နိုင်
ချုပ်တည်းရင်း ဟာရူထိုသည် ကိုကို ထိုင်နေသော
ခုံတန်းလေးရှေ့တွင် ငုတ်တုတ်ထိုင်လိုက်သည်။
အနည်းငယ်တုန်ရင်နေသော ကိုကို့လက်ဖျားလေးတွေကို
ထွေးဆုပ်ရင်း ဟာရူထို ငိုချင်လာရသည်။"ကလေးလေးကို ဆုံးရှုံးလိုက်ရပြီတဲ့ ။ ဆူယွန်းကလည်း
ခွဲစိတ်ခန်းထဲမှာပဲ ရှိသေးတယ် ။ ရူထိုရယ်..
ကိုကို ဘာလုပ်ရမလဲဟင် "ကိုကို့မေးခွန်းကို သူမဖြေနိုင် ။ ကိုကို့နာကျင်မှု အတိုင်းအတာကို နားလည်သူမို့ အားလုံးအဆင်ပြေသွားမှာပါ လို့ပြောပြီးလည်း သူ ကိုကို့ကို မနှစ်သိမ့်ရက် ။
ကိုကို့ ဝမ်းနည်းမှု တွေပြေပျောက်သွားသည်အထိသာ
ကိုကို့ကို ထွေးပွေ့ထားချင်မိသည်။"လူနာရှင်.. ဂင်ဂျွန်ဂယူ "
"ဟုတ်ကဲ့"
ခွဲစိတ်ခန်းက ထွက်လာသောတာဝန်ကျဆရာဝန်ဖြစ်မည်ထင်သည်။ ကိုကို့နာမည်ခေါ်ကာ အနားလာရပ်ခါမှ
ဟာရူထို လည်း မတ်တပ်ရပ်မိတော့သည်။"လူနာကို အခုလက်ရှိသားအိမ်ခြစ်ထားပြီးပါပြီ။
စိုးရိမ်စရာမရှိတော့ပါဘူး ။ နောက်နှစ်ရက်လောက်စောင့်ကြည့်ပြီးရင် ဆေးရုံဆင်းနိုင်မှပါ။ ""ဟုတ်ကဲ့ ။ ကျေးဇူးတင်ပါတယ် ဆရာ "
ကိုကို လူနာခန်းထဲဝင်သွားချိန်မှာ အလိုက်တသိပဲ
သူ လိုက်မဝင်ဖြစ်ခဲ့ ။ အချိန်အရ ကိုကိုမနက်စာ စားပြီးပုံ မရတာမို့ စားစရာ တစ်ခုခု ဝယ်ပေးခဲ့ဖို့ တွေးရင်းသူထွက်လာသည်။ ဆေးရုံအဝတွင် အလောတကြီး
ပြေးဝင်လာသော ကိုကို့ယောက္ခမကို တွေ့သည်မို့
အကွယ်တွင် ခဏရပ်ကာ မမြင်ချင်ယောင်ဆောင်
ရှောင်မိသည် ။ သူသည် အမြဲတစေလိုလို ကိုကို့အိမ်ထောင်နှင့်ပတ်သတ်သော ကိစ္စများတွင် လက်ရှောင်ဖြစ်ခဲ့သည်။ ကိုကိုနဲ့ သူ၏ ခင်မင်သိကျွမ်းမှုအတိုင်းအတာအရ မရီးဟုပင်ခေါ်နိုင်သော ကိုကို့အမျိုးသမီးနဲ့လည်း
ဟာရူထို မရင်းနှီးသလို ရင်းနှီးချင်စိတ်လည်းမရှိခဲ့ ။
