ဟာရူထိုသည် ကိုကိုနှင့်ပတ်သတ်လျှင် အရာရာကို
လွန်ဆန်နိုင်စွမ်းမရှိသည်ကို ဟိုးအရင်တည်း လက်ခံပြီးသားဖြစ်သည်။ ဒီတစ်ကြိမ်သည် အဆုံးစွန်ဆုံးဖြစ်လိမ့်မည် ။ ဒီတစ်ကြိမ် မလွတ်မြောက်မှတော့.. ဘယ်တော့မှလည်း ကိုကို့ဆီက လွတ်မြောက်တော့မည် မဟုတ်တော့ပေ ။ ဒါသည် ကိုကိုက သူ့ကို ချုပ်ကိုင်ထားခြင်းမျိုးမဟုတ်ဘဲ သူ့ကသာ အလိုလို အရှုံးပေး ကပ်တွယ်ချင်မိသောကြောင့် ဖြစ်သည် ။ ဟာရူထိုဆိုသောသူသည်
ဘာတွေကို ဘယ်လိုပဲ လွှမ်းမိုးဦးဆောင်နိုင်ပါခဲ့စေ
ကိုကို့ရှေ့ရောက်ရင် ကိုကို စေလိုရာ စေနိုင်သည့်
အရုပ်သာသာ ကောင်လေး တစ်ယောက်သာဖြစ်သည်။" သွားနိုင်သလောက် သွားကြတာပေါ့ "
ဟာရူထိုသည် မှန်ထဲမှာထင်ဟပ်နေသည့်
ကိုယ့်ရုပ်ပုံ ကိုယ်ငေးရင်း ခပ်တိုးတိုးရေရွတ်မိသည်။
တကယ်ပဲ သူ သွားနိုင်သလောက် ဆက်သွားတော့မည်။
ကိုကို့ကို ချစ်ရလွန်းလို့ ခြေကုန်လက်ပန်းကျပြီး
ပစ်လဲရင်တောင် ပြန်ကုန်းထပြီး ကိုကိုရှေ့ပြန်ရပ်မည်။
ကိုကိုက အခုတစ်ကြိမ်လည်း သူ့ကို မရွေးချယ်ဘဲ
နောက်အိမ်ထောင်ပြုမှသာ သူလက်လျှော့တော့မည် ။
ကိုကိုနဲ့ သူ့ကြားက မပြတ်မသား တအုံနွေးနွေး
အခြေအနေကိုလည်း ဖောက်ခွဲပြီးပြီ ။ သူကိုယ်တိုင်ကလည်း ကိုကို့ကို ထားမသွားနိုင်တာ ပိုပြီးသေချာသွားပြီဆိုမှတော့ ရှေ့ဆက်တိုးရုံကလွဲပြီး ဘာမှမရှိတော့ ။
ကပ်တွယ်နိုင်သလောက် .. ကပ်တွယ်ခွင့်ရသလောက်ကပ်တွယ်ထားမည် ။
မျက်နှာသစ် အဝတ်စားလဲပြီး အခန်းပြင်ထွက်လာတော့ ကိုကိုက အိမ်ထဲရောက်နေပြန်သည် ။" ရူထို.. ကိုကို မနက်စာဝယ်လာတယ်
အတူတူစားမယ်နော် "" ကိုကို ဒီနေ့ တစ်နေ့ကုန် ဒီမှာပဲနေပါလား..
ပိတ်ရက်လည်းဖြစ်နေတာပဲ.. ဂိမ်းအတူတူဆော့ကြမယ်လေ "ဟာရူထို တင်သွင်းသည့်အဆိုကို ကိုကိုက
ပယ်ချချင်နေသည် ။ မရှိသည့်အကြောင်းလေးတွေကို
ရှာကြံပြကာ ခဏနေရင် ပြန်ရမယ်ဟု သာ ပြောနေ
သည် ။ နောက်ဆုံး ဟာရူထိုမှာ မနေ့ကဖျားတာကို
ခေါင်းစဥ်တပ်ပြီး နာရီဝက်လောက် အရေးဆိုမှ
ကိုကိုက နေပါ့မယ်ဟု ခေါင်းညိတ်သည် ။