ဟာရူထိုသည် .. ကိုကို အလုပ်လုပ်နေသော
စာပေတိုက်ထဲ ဝင်ကာ .. ကိုကို့ကို ဆွဲထုတ်လာချင်စိတ်ကို အနိုင်နိုင်ထိန်းရင်း.. ကိုကို့အလုပ်ဆင်းချိန်ကိုသာ စောင့်နေရသည် ။ ဒီနေ့ ဟာရူထို ကိုကို့အမျိုးသမီးကိုတွေ့ ခဲ့သည်။ ထိုအမျိုးသမီးတစ်ယောက်တည်းတော့
မဟုတ်။ ဘေးနားတွင် အမျိုးသားတစ်ဦးက
ထိုအမျိုးသမီးရဲ့ ပုခုံးကို ဖက်လျက် ဟာရူထို ပိုင်သည့်
Men wears ဆိုင်တွင် နာရီရွေးနေကြသည်။
ဟာရူထိုသည် ခပ်တည်တည်ပင် အနားကပ်သွားကာ
" ဈေးလာဝယ်တာ ထင်တယ် " ဟု နှုတ်ဆက်လိုက်တော့ .. ထိုအမျိုးသမီးက သူ့ကို စူးစိုက်ကြည့်သည်။
"ကင်ဂျွန်ဂယူနဲ့ ကွာရှင်းလိုက်ပြီ.. သိပြီးပြီလား "ဟု
ဆိုကာ ခပ်ရွဲ့ရွဲ့ပြုံးပြပြီး ဘေးက အမျိုးသားကို
လက်ချိတ် လျက် ထွက်သွားတော့သည် ။လွန်ခဲ့သည့်သုံးလကမှ ကိုကိုသည်
ထိုအမျိုးသမီး၏ ကိုယ်ဝန်ပျက်ကျမှုကြောင့် စိတ်ဆင်းရဲ ခဲ့ရသည် ။ ယခု ထိုအမျိုးသမီးက တခြားယောက်ျားကို လက်ချိတ်လျက် ကိုကိုနဲ့ကွာရှင်းပြီးပြီဟု
ဆိုလာသည် ။ ဟာရူထိုသည် ကိုကို့အကြောင်း ဘာမှ
မသိသူ ကိုကိုနဲ့ မရင်းနှီးသူဟု ခံစားလိုက်ရသည် ။
ပြီးခဲ့တဲ့နှစ်ပတ်ကမှ ကိုကိုနဲ့သူတွေ့ဖြစ်ခဲ့ပြီး
ဂျပန်စားသောက်ဆိုင်တစ်ခုမှာ ညစာ သွားစားခဲ့ကြသေးသည် ။ထိုစဥ်ကလည်း ကိုကိုက အိမ်ထောင်ရေးအကြောင်းကို တစ်ခွန်းမှ ထုတ်မပြောသလို စိတ်မချမ်းမြေ့တဲ့ အမူအယာလည်း တစိုးတစိမှ မရှိ ။ ဒီကာလ
အတွင်း ကိုကို့ကို စိတ်ပူခဲ့ရသည့် သူ့မှာ ကိုကို ရွှင်လန်း
နေတာမို့ ရင်အေးခဲ့ရသေးသည် ။ဟာရူထိုသည် အမြဲလိုလို ကိုကို့အိမ်ထောင်ရေးနဲ့
ပတ်သတ်ပြီး စိတ်မဝင်စားသလိုနေခဲ့လို့လားများ မသိ ။
ကိုကိုသည် ကွာရှင်းသည် ဟူသော ကိစ္စကြီးကြီး
လုပ်ခဲ့သည်ကိုတောင် သူ့အား အသိမပေးတော့ ။
တစ်ဆက်တည်းထဲ ဟာရူထို ခေါင်းထဲဝင်လာသည်က
ကိုကို ဘယ်မှာနေနေလဲ ဟူသော အချက်ပင် ။
ကိုကို့အိမ်သည် သတို့သမီးဘက်က လက်ဖွဲ့အိမ်ဖြစ်သောကြောင့် ကွာရှင်းပြီးနောက် ကိုကို ဆက်မနေမှာ
ကျိန်းသေပေါက်ဖြစ်သည် ။ ကိုကို ဘယ်မှာနေနေလဲ
ဟာရူထို အပူတပြင်းသိချင်လာရသည်။
![](https://img.wattpad.com/cover/355981530-288-k17666.jpg)