P_1 (U)

2.6K 255 24
                                    

" ပုံပြင်လေးရဲ့အစ "

ဒီမြေကမ္ဘာပေါ်မှာ စတင်မွေးဖွားလာခဲ့တဲ့ အချိန်ကနေစပြီး တစ်လျှောက်လုံး ပျော်ရွှင်ခဲ့ရတဲ့လူဟာ ငါတော့ မဟုတ်ခဲ့ပါဘူး။ ငါ့ဘဝက ဆယ်ကျော်သက်အရွယ် အထိကို အထီးကျန်ဆန်တဲ့ အပယ်ခံတစ်ယောက်ပဲ ဖြစ်‌နေခဲ့တာ။ ငါ့ရဲ့ ငယ်ရွယ်စဉ် အချိန်ကာလတွေတုန်းက ရှေ့ဖြစ်ဟောစတမ်း တစ်ခုလို အမြဲကြားရတတ်တဲ့ စကားမျိုးတောင် ရှိခဲ့ဖူးတယ်။ အဲဒါက "အသက်ရှည်ရှည် မနေရနိုင်တဲ့လူ" တဲ့လေ။

များသောအားဖြင့် လူတွေက ငါ့ရဲ့ ဖြစ်တည်မှုကို မရှိတဲ့လူတစ်ယောက်လို ဆက်ဆံတတ်ကြတယ်။ ဒါမှမဟုတ် သနားစရာ လူတစ်ယောက်လိုမျိုး ရှု့မြင်တတ်ကြတယ်။ ဘာလို့လဲ ဆိုတော့ ငါက "မျိုးနွယ်မဲ့"တစ်ယောက် ဖြစ်နေခဲ့လို့ပဲ။ လူပေါင်းတစ်သန်းမှာတောင် "မျိုးနွယ်မဲ့"တစ်ယောက်ပါဖို့ မဖြစ်နိုင်လောက်တဲ့အထိ အလွန့်အလွန် ရှားပါးလှတဲ့ ဖြစ်တည်မှုမျိုးနဲ့ ငါက မွေးဖွားလာခဲ့တာလေ။

မြေ၊ရေ၊လေ၊မီး မျိုးနွယ်စုတွေနဲ့ ဖွဲ့စည်းဖြစ်တည်‌ထားတဲ့ ဒီမြေကမ္ဘာလောကကြီးမှာ "မျိုးနွယ်မဲ့" တစ်ယောက် ဖြစ်ရတာဟာ အရမ်းကို သိမ်ငယ်ရပြီးတော့ အထီးကျန်စရာပဲ။ လူတိုင်းမှာ မျိုးနွယ်ကိုယ်စီ ရှိကြတယ်။ ငါကလွဲလို့ လူတိုင်းမှာ အဖော်အပေါင်းတွေနဲ့။ ငါကတော့ တစ်ယောက်တည်းပါပဲ။

တစ်ချိန်မှာတော့ အပယ်ခံတစ်ယောက်ရဲ့ ရှင်သန်မှုထဲကို တစ်စုံတစ်ယောက်က စတင် ပါဝင် ပတ်သက်လာခဲ့တယ်။ အဲဒီလူရဲ့ ဖြစ်တည်မှုက ငါနဲ့တော့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေခဲ့တဲ့လူပဲ။ ဆန့်ကျင်ဘက် သဘောတရားတွေဟာ ဘယ်တော့မှ ရောနှော ပေါင်းစပ်လို့ မရနိုင်ဘူးတဲ့။ မတူညီမှုတွေက အမြဲတမ်း ခေါင်းခဲစရာ ဖြစ်စမြဲပဲ။ ညှိနှိုင်းလေလေ တွန်းကန်တတ်ကြလေလေ။

အဲဒီလိုလူ ငါတို့နှစ်ယောက်က အဆုံးသတ်မှာ အချစ်အိမ်ကလေး တည်ဆောက်သွားကြမဲ့ ပုံပြင်လေးကို ငါအခု ပြောပြတော့မှာ ...။

/
/
/

( 2024 ခုနှစ် )

မြေ၊ရေ၊လေ၊မီး ကမ္ဘာရဲ့ စာသင်ကျောင်းတွေ ဖွင့်လှစ်ကာစ အချိန်။ စာသင်နှစ်တစ်ခုရဲ့အစကာလတစ်ခု။ အယ်လ်တန်နိုင်ငံရဲ့ အဓိကမြို့တော် မူအာရ်မှာ ရှည်လျားလှတဲ့ နွေရာသီ ကျောင်းပိတ်ရက်တွေဟာ ပြီးဆုံးသွားခဲ့ပြီလေ။

Safe Zone (ခေတ္တရပ်နားထားပါသည်။)Where stories live. Discover now