“ရုပ်ချောလွန်းတယ်။ ကျွန်တော့်အကြိုက်မဟုတ်ဘူး”
"အခု ဘယ်အချိန်တောင် ရှိနေပြီလဲ ဟွန်းလေး"
ခီအန်ထာဟွန်း အိမ်ပြန်ရောက်လာတာနဲ့ ဧည့်ခန်းထဲမှာ ထိုင်စောင့်နေသူ အမျိုးသမီးက ဆီးကြိုကာ ပြောတော့တယ်။ သူ(မ)က ခီအန်ထာဟွန်းရဲ့ အဒေါ်သုံးယောက်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ယွန်းမီရာ။ သူ(မ)နဲ့အတူ ဧည့်ခန်းထဲမှာ ရှိနေတဲ့သူ နောက်တစ်ယောက်လည်း ရှိနေသေးရဲ့။ သူ(မ)ကတော့ အငယ်ဆုံးအဒေါ်ဖြစ်တဲ့ ယွန်းအီရာ။
ယွန်းအီရာက အသားအရေထိန်းသိမ်းတဲ့ LED face mask ကို တပ်ထားပြီး ဧည့်ခန်းဆိုဖာခုံရှည်ကြီးပေါ်မှာ လှဲအိပ်နေလေတယ်။ မျက်နှာမမြင်ရပေမဲ့လည်း ဒီတစ်ယောက်က ဘယ်အဒေါ်လည်းဆိုတာ ခီအန်ထာဟွန်းက သိနေပြီးသား။ ဒီအိမ်မှာ အလှအပကို အထူးစိတ်ဝင်စားပြီး ကျင့်ကြံသူဆိုလို့ အငယ်ဆုံးအဒေါ်ပဲ ရှိတာ။ သူ(မ)က အဆိုတော်လေ။ တစ်ခါတလေ မျက်နှာလေးလည်း ပရိသတ်ကို ပြရသေးတာကိုး။ တူဖြစ်သူ အိမ်ပြန်လာတဲ့အသံကို ကြားလိုက်တော့မှ လှဲအိပ်နေရာကနေ ယွန်းအီရာက အသာအယာလေး ထထိုင်လိုက်တယ်။ မျက်နှာဖုံးကိုလည်း ဆွဲချွတ်လိုက်ပြီးပြီ။
ဧည့်ခန်းထဲမှာ အဒေါ်အကြီးဆုံးနဲ့ အငယ်ဆုံးပဲ ရှိနေပြီး အဒေါ်လတ် ယွန်းနီရာက ရှိမနေဘူး။ သေချာတာကတော့ ဒီအချိန်က သူ(မ)ရဲ့ဈာန်ဝင်စားရာ အနုပညာအချိန်ပဲ ဖြစ်ပါလိမ့်မယ်။ သူ(မ)က Non-representational Art အမျိုးအစားပိုင်းကို ရေးဆွဲတဲ့ ပန်းချီဆရာမတစ်ဦးလေ။ မိသားစုနဲ့ အတူ ရှိမနေဘူးဆိုရင် ဒါဟာ အလုပ်ခန်းထဲမှာပဲ ရှိနေတယ်လို့ ယူဆလို့ရတယ်။
ခီအန်ထာဟွန်းရဲ့ မွေးမိခင်မှာက ညီအစ်မချည်းပဲ လေးယောက်ရှိတယ်။ ထာဟွန်းအမေ ယွန်းထာရာကတော့ အစ်မအကြီးဆုံး။ သူတို့တစ်အိမ်လုံးက ရေမျိုးနွယ်တွေ ဖြစ်ပြီးတော့ ခီအန်ထာဟွန်းအဖေ ရုအင်ဟွန်းဟာလည်း ရေမျိုးနွယ်ပဲဖြစ်တယ်။ မိသားစုထဲမှာ ထာဟွန်းတစ်ယောက်ပဲ ချွန်ထွက်ပြီး Gအဆင့်ဖြစ်နေတာ။ ကျန်တဲ့သူ အားလုံးက Nအဆင့်တွေချည်းပဲ။ ကွယ်လွန်သွားကြတဲ့ သူ့မိဘနှစ်ပါးလုံးကအစ Nအဆင့်တွေလေ။
YOU ARE READING
Safe Zone (ခေတ္တရပ်နားထားပါသည်။)