“ပျော်စရာကောင်းလွန်းလှတဲ့ တစ်နေ့တာ”
“မကြာမီ ရောက်ရှိတော့မဲ့ မှတ်တိုင်ကတော့ ခန်လုခါကျောင်းရှေ့မှတ်တိုင်ပဲ ဖြစ်ပါတယ်။ ခန်လုခါ ကျောင်းရှေ့မှတ်တိုင်မှာ ဆင်းမဲ့ ခရီးသည်များ အနောက်ဘက် တံခါးကနေ ဂရုတစိုက် ဆင်းသက်ပေးကြပါရှင်။ ကျေးဇူးတင်ပါတယ်။”
ဘတ်စ်ကားက ကြေငြာသံကို ကြားတော့မှပဲ ဆင်းရမဲ့ မှတ်တိုင်ရောက်တာကို သျှမင်န်က သတိထားမိတော့တယ်။ သူက လမ်းတစ်လျှောက်လုံး သတိလက်လွတ် ဖြစ်နေတယ်။ ကျောင်းမှာ ရင်ဆိုင်ရမဲ့ Gအဆင့် ရေမျိုးနွယ်ကို သူဘယ်လို ပြန်ခုခံရမလဲ ဆိုတာကိုပဲ ထိုင်တွေးလာခဲ့မိတာလေ။
သူက နည်းနည်းတော့ ခေါင်းမာတတ်တာ မှန်ပေမဲ့ အကြောက်အလန့် မရှိတာမျိုးတော့ မဟုတ်ဘူး။ Nအဆင့်တောင် မဟုတ်တဲ့ G အဆင့် မျိုးနွယ်တစ်ယောက်ကို သူဘယ်လို နိုင်နိုင်မှာလဲ။
ဒါက တွေးပူနေရမဲ့ အချက်ပဲကို။ကရာတေးသင်ထားတဲ့ သူ့အဆင့်ကလည်း အခုမှ ခါးပတ်အပြာရောင်ပဲ ရှိသေးတာ။ သူ ရေမျိုးနွယ်ကို နိုင်လောက်ပါ့မလား။ သူထပ်ပြီးတော့ ကျောင်းမပြောင်းချင်တော့ဘူးလေ။ အထက်တန်း ဒုတိယနှစ်ဝက်မှာ ခန်လုခါကို ကျောင်းပြောင်းခဲ့ရတာက အရင်ကျောင်းမှာ ပြဿနာတစ်ခုရှိခဲ့လို့ပဲ။ အရင်ကျောင်းမှာတုန်းက ကျောင်းသားတစ်စုရဲ့ ပစ်မှတ်ထားခြင်းကို သူခံခဲ့ရဖူးတယ်။
သူလို မျိုးနွယ်မဲ့တစ်ယောက်က တခြားစွမ်းအင်ရှိမျိုးနွယ် ကလေးတွေရဲ့ အနိုင်ကျင်လို့ကောင်းတဲ့ ပစ်မှတ်တစ်ခုပဲလေ။ သူ့အဝတ်အစားတွေ ညစ်ပေအောင်၊ ဒါမှမဟုတ် သူ့မျက်လုံးတွေထဲကို မြေမှုန့်တွေ ဝင်စေအောင် လုပ်တာမျိုး။ သူ့ကျောင်းစာအုပ်တွေနဲ့ သူ့ဆံပင် အဖျားတွေကို မီးစတွေနဲ့ အတို့ခံရတာမျိုး။ ပြင်းထန်တဲ့ လေစွမ်းအားတွေကြောင့် မကြာခဏဆိုသလို ကျောင်းစင်္ကြံမှာ၊ လှေကားထစ်တွေပေါ်မှာ သူခလုတ်တိုက် လဲကျဖူးတယ်။ ကျောင်းဝတ်စုံတွေ ကျောင်းလွယ်အိတ်တွေ ရေစိုရွဲပြီး အိမ်ပြန်ရတာကလည်း ခဏခဏ။
ကျောင်းနေဖက်တွေက သူနဲ့ခင်မင်ရင်းနှီးဖို့ကို စိတ်မဝင်စားကြဘူး။ သူတို့ကို ဘာစွမ်းအင်နဲ့မှ မတုံ့ပြန်နိုင်တဲ့ လူကိုပဲ အနိုင်ကျင့်စရာလို့ မြင်နေကြတာ။ သျှမင်န်က အဲဒီငရဲလိုကျောင်းမှာ ဘယ်သူ့ကိုမှ အားကိုးမရခဲ့ဘူး။ ဆရာတွေကအစ သူ့ရဲ့ တိုင်ကြားမှုကို လျစ်လျူရှု့ထားကြတာ။
အိမ်က မိဘတွေကိုလည်း ပြန်မပြောပြနိုင်ခဲ့ဘူး။
အပြင်မှာ ကျောင်းတက်တဲ့အတွက် ဒီလိုဖြစ်ရတာလို့ ခေါင်းစဉ်တပ်ပြီး အိမ်မှာပဲ အရင်လို စာပြန်သင်ရမှာမျိုးကို သူမှမလုပ်ချင်တာ။ အနိုင်ကျင့်ခံရတာထက် ကျောင်းမတက်ရမှာကိုပဲ ပိုပြီးတော့ စိတ်ပူမိခဲ့တာ။
YOU ARE READING
Safe Zone (ခေတ္တရပ်နားထားပါသည်။)