မြေ၊ ရေ၊ လေ၊ မီး ကမ္ဘာသစ်အကြောင်း

2.6K 205 3
                                    

မြေ၊ ရေ၊ လေ၊ မီး ကမ္ဘာသစ်အကြောင်း

လူသားတွေဟာ သာမန်လူသားတွေ မဟုတ်ဘဲ အစွမ်းတစ်မျိုးမျိုး ရှိနေတဲ့ လူသားတွေသာ ဖြစ်ခဲ့ရင် ?

ကမ္ဘာလောကကြီးဟာ စွမ်းအင်ရှိ မျိုးနွယ်တွေနဲ့ ဖွဲ့စည်းထားမယ် ဆိုရင် ?

ဒီဇာတ်လမ်းထဲမှာ စကြဝဠာဖွဲ့စည်းမှုရဲ့ အခြေခံသဘောတရားတွေ ဖြစ်တဲ့ မြေ၊ရေ၊လေ၊မီး စွမ်းအင်တွေကို စိတ်ကူးယဥ်ပါဝါတွေအနေနဲ့ ထည့်သွင်းရေးသားထားပါတယ်။

Supernatural, Fantasy world တစ်ခုကို ဖန်တီးထည့်သွင်းထားတဲ့ ဇာတ်လမ်းဇာတ်အိမ် တစ်ခုဖြစ်တာကြောင့် လက်တွေ့ကမ္ဘာလောကနဲ့ ကွဲပြားဆန့်ကျင်နေတာတွေ အများအပြား ရှိနေနိုင်ပါတယ်။

စာရေးသူအလိုကျ ဖန်တီးတည်ဆောက်ထားတဲ့ စကြာဝဠာကမ္ဘာသစ်တစ်ခုသာ ဖြစ်ပါတယ်။ ကမ္ဘာ၊နိုင်ငံ ဖွဲ့စည်းပုံနဲ့ လူသားတွေ ရှင်သန်နေထိုင်ကြပုံတွေက လက်တွေ့ကမ္ဘာနဲ့တော့ ဆင်တူပါတယ်။ မတူတာကတော့ လက်တွေ့ကမ္ဘာပေါ်က လူသားတွေမှာ မရှိနိုင်တဲ့ စွမ်းအင်ပါဝါမျိုးတွေပါပဲ။

ဇာတ်အိမ်တည်ထားရာ အယ်လ်တန်ဆိုတဲ့ နိုင်ငံအမည်ဟာ အပြင်မှာ အမှန်တကယ် မတည်ရှိနေပေမဲ့၊ အရှေ့တောင်အာရှ တစ်နေရာမှာ ရှိနေတဲ့ နိုင်ငံအဖြစ် စိတ်ကူးယဉ်ရေးသားထားပါတယ်။ အယ်လ်တန်နိုင်ငံသားများကို အရှေ့တောင်အာရှနွယ်ဖွားတွေ အနေနဲ့ စိတ်ကူးဖတ်ရှု့နိုင်ပါတယ်။

ဆိုတော့ ... မြေရေလေမီး ကမ္ဘာလောကဟာ ဘာလဲ ဘယ်လိုမျိုးလဲ ဆိုတာကို ရှင်းပြပေးသွားပါ့မယ်။

ဟိုးရှေးယခင် နှစ်သန်းပေါင်းများစွာတွေတုန်းက ကောင်းကင်ဘုံနတ်ဘုရားတွေဟာ လူ့ပြည်လောကသစ် စကြဝဠာတစ်ခုကို ဖန်ဆင်းခဲ့ကြပါတယ်။ အခြေခံသဘာဝတရားကြီး လေးခုကနေ လူသားတွေကို ဖန်ဆင်းခဲ့ကြတယ်။

(လူသားတွေဟာ ဗြဟ္မာလေးဦးကနေ ဆင်းသက်လာကြတယ် ဆိုတဲ့ ဒဏ္ဍာရီပုံပြင်ဆိုရိုးစကားတစ်ခုကို အခြေတည်ပြီး အိုင်ဒီယာယူထားခြင်းပါ။ ဒီဇာတ်လမ်းထဲမှာတော့ သဘာဝတရားကြီးလေးခုအဖြစ် ထည့်သွင်းထားပါတယ်။)

Safe Zone (ခေတ္တရပ်နားထားပါသည်။)Where stories live. Discover now