“ခီမင်န် shipper များ ပေါ်ထွက်လာခြင်း”
ခန်လုခါရဲ့ ကျောင်းတက်ရက် မနက်ခင်းလေးတစ်ခုမှာ သျှမင်န်တစ်ယောက် တက်ကြွနေလေရဲ့။ အရင်လိုမျိုး ရေမျိုးနွယ်ကျောင်းသားခေါင်းဆောင်ကြီးရဲ့ အရိပ်အခြည်ကို လိုက်ကြည့်ပြီး သူပတ်ပြေးနေစရာမှ မလိုတော့တာ။ ကျောင်းရဲ့ ပြဿနာအိုးလို့ ကျော်ကြားလှတဲ့ အဲဒီတစ်ယောက်နဲ့သူက သူငယ်ချင်းတွေဖြစ်သွားပြီ။
မနေ့ညကတင် ခီအန်ထာဟွန်းရဲ့ အဒေါ်နဲ့ သူစကားပြောခဲ့ရသေးတယ်။ အိမ်ပြန်နောက်ကျတဲ့ ခီအန်ထာဟွန်းအတွက် သူက ကူညီပြီး လိမ်ညာပေးလိုက်သေးတယ်။
ဒီအခြေအနေက သူငယ်ချင်းတွေ အချင်းချင်းကြားမှာပဲ လုပ်ပေးရတတ်တဲ့ အချိတ်အဆက်တစ်ခုပဲ မဟုတ်လား။ ကြုံကြိုက်လို့ပဲဖြစ်ဖြစ် တမင်သတိတရနဲ့ပဲ ဖြစ်ဖြစ် ခီအန်ထာဟွန်းရဲ့ အဲဒီလို အကူအညီတောင်းမှုမျိုးကို သျှမင်န်က ဝမ်းပန်းတသာနဲ့ကို ကြိုဆိုလက်ခံပေးဖြစ်မှာ။ မနေ့ညက ခီအန်ထာဟွန်းရဲ့ ဒေါ်လေးနဲ့ စကားကောင်းကောင်းပြောနိုင်ပြီး ပါးပါးနပ်နပ်နဲ့ လိမ်ညာပေးနိုင်ခဲ့တာက သူ့ရဲ့ပင်ကိုမူလအရည်ချင်းတော့ မဟုတ်လှဘူး။ အဲဒီအလိမ်အညာအစီအစဉ် အကွက်ချမှုကို သူကြည့်ဖူးထားတဲ့ ရုပ်ရှင်တွေထဲကနေ ပြန်အသုံးချထားတာလေ။
ယဉ်ယဉ်ကျေးကျေးနဲ့ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီး စကားပြောဆိုတတ်ပေမဲ့ အလိမ်အညာစကားတွေကိုတော့ လက်တန်းချပြီး သူမပြောနိုင်ပါဘူး။ သျှမင်န်ဆိုတဲ့ သူက အဲဒီလောက်ကြီးလည်း ဖြတ်ထိုးဉာဏ်က ကောင်းမနေဘူး။ ဘာပဲဖြစ်ဖြစ် မနေ့ညက သူ့ကြောင့် ခီအန်ထာဟွန်း အဆင်ပြေသွားတယ် မဟုတ်လား။ သူငယ်ချင်းကို ကူညီခွင့်ရလို့ သူက မြောက်ကြွကြွနဲ့ ပျော်ရွှင်နေမိရော။
“သျှမင်န်”
သျှမင်န် ကျောင်းဝင်းထဲ ဝင်လာတော့ ကျောင်းသားတစ်ယောက်ရဲ့ ခေါ်သံတစ်ခုက သူ့အနောက်ဘက် ခပ်နီးနီးကနေ ထွက်လာခဲ့တယ်။ အသံနဲ့အတူ အနားရောက်လာတဲ့သူတွေက နှစ်ယောက်။ တစ်ယောက်က ဟီအက်စ်ဖြစ်ပြီးတော့ နောက်တစ်ယောက်ကတော့ ကီကီဟူတန်။ နှစ်ယောက်သားက သျှမင်န်ရဲ့ ဘေးတစ်ဖက်စီမှာ လာရပ်လိုက်ကြတယ်။ အချင်းချင်း အပြုံးတွေနဲ့ နှုတ်ဆက်လိုက်ကြပြီးတော့ မတိုင်ပင်ထားဘဲနဲ့ သုံးယောက်သား အတွဲလိုက် လမ်းဆက်လျှောက်ဖြစ်သွားကြရော။
![](https://img.wattpad.com/cover/356102979-288-k677810.jpg)
YOU ARE READING
Safe Zone (ခေတ္တရပ်နားထားပါသည်။)