“မနက်ဖြန် ဆုံကြမယ်”
မြို့တော်မူအာရ်ရဲ့ ဇီးရစ်ခ်လမ်းဆုံဟာ အတော်လေး အချက်အချာကျတယ်လို့ ပြောရမယ်။ လူအစည်ကားဆုံးနဲ့ အထင်ကရ အဆောက်အအုံတွေ တော်တော်များများ ရှိနေတဲ့နေရာမျိုးပဲ။ ဈေးဝယ်စင်တာတွေနဲ့လည်း နီးသေးတယ်။ မူအာရ်မှာ လည်ပတ်ဖို့ အကောင်းဆုံး နေရာတွေထဲက တစ်ခုဆိုလည်း မမှားဘူး။
နာမည်ကျော် ဇီးရစ်ခ်လမ်းဆုံကို အစွဲပြုပြီးတော့ မှည့်တွင်ထားတဲ့ ဇီးရစ်ခ်ဟိုတယ်ကြီးကလည်း အဲဒီနေရာ အနီးအနားမှာပဲ ရှိတယ်။ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဇီးရစ်ခ်ဟိုတယ်ဟာ မူအာရ်မြို့ ထိပ်တန်းဟိုတယ်တွေထဲမှာတော့ တစ်ခုအပါအဝင်ပဲ။
ဟိုတယ်ကြီးရဲ့ ဒီဇိုင်းက Vပုံသဏ္ဌာန် နှစ်လုံးတွဲဆက်လျက် အဆောက်အအုံမျိုး။ ၁၂ထပ်အမြင့်ရှိတဲ့ ဇီးရစ်ခ်ဟိုတယ်ကြီးက မှောင်ရီပျိုးစ ညအချိန်မှာ အလင်းအားကောင်းကောင်း မီးရောင်စုံတွေနဲ့ ရှိနေခဲ့တယ်။ နာမည်ကြီးတွေထဲက တစ်ခုဖြစ်တဲ့အလျောက် အသွင်အပြင်ဟန်ပန်ကတော့ ခန့်ညားထည်ဝါမှုတွေ အပြည့်နဲ့ပဲ။
ကားလမ်းမကြီးတစ်လျှောက်မှာရော ဟိုတယ်ရှေ့မှာပါ။ စွမ်းအင်ရှိမျိုးနွယ် လူသားတွေဟာ ဥဒဟိုဝင်ထွက်သွားလာ လှုပ်ရှားနေကြတယ်။ အရာအားလုံးဟာ ညရဲ့အရှိန်အဝါကို ရောက်လာလေ ပိုပြီးသက်ဝင်လာလေပဲ။
ဇီးရစ်ခ်လမ်းဆုံတစ်ဝိုက်နဲ့ မလှမ်းမကမ်းမှာ စားသောက်ဆိုင်တွေ ဘားတွေနဲ့ ကလပ်တချို့လည်း ရှိသေးတယ်။ အလုပ်ဆင်းချိန်တွေဆိုရင် အဲဒီဘက်တစ်ကြောက ပိုပြီးစည်ကားလာတတ်တယ်။ လူငယ်တက္ကသိုလ်ကျောင်းသားတွေ အလာအများဆုံး နေရာတစ်ခုဆိုလည်း မမှားဘူး။
အထက်တန်းကျောင်းတွေနဲ့ အရမ်းမနီးလှတဲ့ ဇီးရစ်ခ်မှာ အထက်တန်းကျောင်းယူနီဖောင်းနဲ့ ယောက်ျားလေးတစ်ယောက် ရှိနေခဲ့လေရဲ့။ သူ့ရဲ့ ကာကီရောင် ယူနီဖောင်းပေါ်က ကျောင်းတံဆိပ်မှာတော့ ခန်လုခါလို့ ရိုက်နှိပ်ထားလေတယ်။
ကျောင်းဆင်းချိန်က အတော်လေးကို ကျော်နေခဲ့ပြီလေ။ ညက အခုမှ အစပြုချိန် ဆိုပေမဲ့လည်း ကျောင်းဝတ်စုံတောင် မလဲရသေးတဲ့ ဒီအရွယ်လေးက ဇီးရစ်ခ်ဟိုတယ်ကြီးရဲ့ အရှေ့မှာ။
ကျောင်းဆင်းပြီး အိမ်ပြန်ရမဲ့ အချိန်မျိုးမှာ ဟိုတယ်ရှေ့ရောက်နေတဲ့ အထက်တန်း ကျောင်းသားလေးဟာ သျှမင်န်ဆိုတဲ့ မျိုးနွယ်မဲ့ကျောင်းသားလေးပါပဲ။
![](https://img.wattpad.com/cover/356102979-288-k677810.jpg)
YOU ARE READING
Safe Zone (ခေတ္တရပ်နားထားပါသည်။)