“ မင်းကတော့ ခီအန်လို့ပဲခေါ် ”
တစ်သက်တာလုံး မရခဲ့ဖူးတဲ့ အခွင့်အရေးတွေက ဒီနှစ်ရက် သုံးရက်လုံးလုံးမှာ အပြည့်အဝကို သျှမင်န်အတွက် ရနေခဲ့တာ။ မနက်ကျောင်းလာတာနဲ့ အတန်းဖော်တွေနဲ့ နှုတ်ဆက်စကားပြောကြတယ်။ ရယ်ရယ်မောမောနဲ့ စ,နောက်ကြတယ်။ မနေ့ညက ဘာတွေ လုပ်ဖြစ်လဲ စသဖြင့် ထွေရာလေးပါးအကြောင်းတွေ ပြောဖြစ်ကြတယ်။
နေ့လယ်ဘက် ကန်တင်းမှာဆိုလည်း အရင်လို အထီးကျန်ဆန်တဲ့ ထမင်းဝိုင်းလေး မဟုတ်တော့ဘူး။ သူ့ဘေးမှာ အတန်းဖော်တွေက အပြည့်ပဲ။
စကားတွေအများကြီး ပြောကြ စားကြသောက်ကြနဲ့။ ကျောင်းဆင်းချိန်တွေဆိုလည်း အတန်းဖော်တွေနဲ့ လျှောက်လည်ကြတာ တကယ်ပျော်စရာပဲ။ သူ့ရဲ့ ET acc မှာလည်း Friend တွေ ရှိနေခဲ့ပြီ။ ညဘက်တွေမှာဆို သူ့ရဲ့ chat box လေးကလည်း အဝင်မက်ဆေ့ခ်ျတွေနဲ့ စည်ကားနေခဲ့ပြီ။သူအရမ်းကစားချင်ခဲ့တဲ့ ဘောလုံးကန်တာကိုတောင် လုပ်ဖူးခဲ့ပြီလေ။ သျှမင်န်က တစ်ခါမှ ဘောလုံးမကန်ဖူးတာရယ်တော့လည်း မဟုတ်ဘူး။ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် အဲဒီလို သူက ကစားချင်ခဲ့တာ။ အရင်ကဆို သူတစ်ယောက်ထဲပဲ ကစားဖူးတယ်။ ဒါမှမဟုတ် ဖူဆယ်ကွင်းကို အပြတ်ငှားပြီးတော့၊ အတူကစားပေးမဲ့ ကစားသမားအဖော်တွေကိုပါ ထပ်ငှားပြီးတော့၊ အရာရာကို ငွေနဲ့ဖြေရှင်းပြီးမှ သူလုပ်ချင်တာကို လုပ်လို့ရခဲ့တာ။ ဒါပေမဲ့ အဲဒါတွေက တကယ့်ပျော်စရာတွေမှ မဟုတ်ခဲ့တာ။ အခုကြုံနေရတာတွေမှ တကယ့် အစစ်အမှန်တွေလေ။ ဘယ်သူ့ကိုမှ သူက ပိုက်ဆံနဲ့ ငှားထားတာမျိုး မဟုတ်ဘူး။
ကျောင်းတက်ရတဲ့ နေ့တွေဟာ သူ့အတွက်တော့ လောကသုခဘုံလေးတစ်မျိုးပဲ။ အရင်နှစ်တွေကလို ပျင်းရိခြောက်ကပ်စရာ ကောင်းမနေတော့ဘူး။ သျှမင်န်က ဒီရက်ထဲမှာ အပျော်တွေလွန်ပြီး မြောက်ကြွမြောက်ကြွ ဖြစ်နေပေမဲ့လည်း ခီအန်ထာဟွန်းကို ဘယ်လိုချဉ်းကပ်ရမလဲ ဆိုတာကိုတော့ သူမေ့မနေပါဘူး။ သူက အဲဒီကျောင်းသားခေါင်းဆောင်နဲ့ စကားပြောခွင့်ရဖို့ကို တစ်ချိန်လုံးပဲ စောင့်ကြည့်နေခဲ့မိတာ။
ရေမျိုးနွယ်ကျောင်းသားခေါင်းဆောင်က တကယ်ကို အလုပ်များတဲ့သူပဲ။ ကျောင်းကောင်စီဘက်က မျိုးနွယ်ကျောင်းသားခေါင်းဆောင်တွေကို ခေါ်တဲ့နေ့တွေဆိုရင် အတန်းထဲမှာ ရှိနေတဲ့အချိန်က ခပ်ရှားရှားရယ်။
အတန်းထဲ ရှိနေပြန်တော့လည်း သူ့အနားမှာက တစ်ချိန်လုံး တခြားလူတွေက အပြည့်။ ခီအန်ထာဟွန်း တစ်ယောက်တည်းရှိနေတဲ့ အချိန်ဆိုတာ ရှိကို ရှိမနေတာ။ အဲဒီတစ်ယောက်က သူ့လိုပဲ အပေါင်းအသင်းမက်ပုံရတယ်။ အမြဲတမ်းလိုလိုမှာ ကျောင်းသားအုပ်စုတွေကြားထဲ သူကပင်တိုင် ရှိနေတတ်တယ်။
YOU ARE READING
Safe Zone (ခေတ္တရပ်နားထားပါသည်။)