P_2 (U)

1.2K 190 28
                                    

“ရှု့‌ထောင့်မှားတဲ့ ဓာတ်ပုံတစ်ပုံရဲ့ အစ ...”

တတိယနှစ် အခန်း(၁)ရဲ့ သင်္ချာအတန်းချိန် တစ်ခုမှာ ‌ကျောင်းသား တချို့တလေကတော့ အိပ်ငိုက်နေကြတယ်။ တကယ်ဆို စာသင်ချိန်က မနက်တစ်ပိုင်းမှာပဲ ရှိသေးတာ။ နေ့လည်ခင်းတောင် မရောက်သေးဘူး။ သူတို့ အတန်းပိုင် ဆရာမအချိန်ရဲ့ နောက်တစ်ချိန်ကမှ သင်္ချာလေ။
တကယ်ဆို အိပ်ငိုက်ဖို့က စောလွန်းနေသေးတာ။

သင်္ချာဆရာက ကျောက်သင်ပုန်းဘက်ကို တစ်ချိန်လုံးနီးပါး လှည့်ပြီးတော့ complex numbers အခန်းရဲ့ ပုစ္ဆာတွေကို မြေဖြူတစ်ချောင်းနဲ့ တတောက်တောက် ရေးပြ ဖြေရှင်းပြနေခဲ့တယ်။ ပါးစပ်ကနေလည်း တောက်လျှောက် ရှင်းပြသွားတယ်။ ဒါပေမဲ့ အိပ်ငိုက်စပြုနေတဲ့ ကျောင်းသားတွေ အတွက်ကတော့ ကြားလိမ့်မယ်လို့ကို မထင်ဘူး။

အခန်း(၁)မှာ ရှိနေတဲ့ “မျိုးနွယ်မဲ့”ကျောင်းသားလေးကတော့ စာကို သေချာလိုက်လုပ်နေတယ်။ သူ့မှာ စွမ်းအင်ပါဝါတွေတော့ မရှိပေမဲ့ စာတော်ပြီး ကြိုးစားတဲ့ ကျောင်းသားတွေထဲမှာတော့ အမြဲတမ်းဝင်အောင် လုပ်ဖြစ်တယ်။ သူက ကျောင်းသားတွေ အကုန်လုံးကို လှမ်းမြင်နေရတဲ့ နေရာမှာ ထိုင်နေတဲ့လူ။ အခန်းအတွင်းဘက် ပြတင်းပေါက်ဘေး နောက်ဆုံးအတန်းက ထောင့်ဆုံးခုံမှာ သူက ထိုင်နေတာ။

သူ့ရဲ့ ညာဘက်ဘေးခုံမှာက အတန်းဖော် ကျောင်းသား မရှိဘူး။ အဲဒီနေရာက အလွတ်ကြီး။ သူ့ရဲ့ ဘယ်ဘက်မှာတော့ ပြတင်းပေါက်တွေပဲ ရှိတော့တယ်။ နှစ်ယောက်စီ တွဲပြီး ထိုင်ရတာ ဆိုပေမဲ့ သူ့ဘေးက ခုံမှာတော့ ဘယ်သူကမှ လာမထိုင်ခဲ့ကြဘူးလေ။ ဒါက အခုမှ မဟုတ်ဘူး။ဒုတိယနှစ်ကနေ အခုတတိယနှစ်ထိ သူ့ဘေးက ခုံတွေက အမြဲတမ်း အဲဒီလိုပဲ အလွတ်။
ဒီကျောင်းမှာရော အရင်က တက်ခဲ့ဖူးတဲ့ ကျောင်းမှာရော ဒါကအတူတူပါပဲ။

ကျောင်းက ဆရာတွေက အတန်းဖော်တွေကို သူ့အနားမှာ ထိုင်တော့ ထိုင်စေခဲ့ကြတယ်။ ဒါပေမဲ့လည်း ယာယီပါပဲ။ ကျောင်းသားတွေက သူနဲ့ အကြာကြီး ဘယ်သူမှ မနေချင်ကြဘူး။ ဘာစွမ်းအားမှ မရှိတဲ့ လူတစ်ယောက်ဖြစ်လို့ စိတ်ဝင်စားဖို့ မကောင်းဘူးလို့ ပြောသွားကြတဲ့ လူတွေကြီးပဲ။ လူတွေက သူ့ကို ခင်မင်ကြည့်ဖို့အတွက် ဝန်လေးတတ်ကြတယ်။

Safe Zone (ခေတ္တရပ်နားထားပါသည်။)Where stories live. Discover now