PART -2 💚❤️

342 12 0
                                    


Unicode ###

ကျွန်တော်တို့ကို လာကြိုတဲ့လူက စကားပြန်အစ်မနဲ့ဂျပန်ဦးလေးကြီး တစ်ယောက်ပါ။သူတို့နှစ်ယောက်လဲ ကျွန်တော်တို့အလာကို စောင့်နေရ၍ ဂျပန်
သစ်ကုလားအုပ် ဖြစ်နေလေပြီ။ဘာလို့ဆို ကျွန်တော်တို့ဆိုက်တဲ့ လေယာဉ်ကဆင်းပြီး ထွက်လာတဲ့ လူတွေမှာ ကျွန်တော်တို့တစ်ဖွဲ့သာ ရှိတော့သည်။

"おはようございます。。。。。
မင်္ဂလာနံနက်ခင်းပါ。。。。。

よろしくお願いします。。。。。
အကူအညီပေးသည့်အတွက်ကျေးဇူးတင်ပါတယ်。。。。。"

ကျွန်တော်တို့ တစ်ဖွဲ့လုံး ခါးကို 90'ကိုင်း၍ ကျွန်တော်တို့ကို လာကြိုသည့် စကားပြန်အစ်မနဲ့ ဂျပန်ဦးလေးကြီးကို သံပြိုင်နှုတ်ဆက်လိုက်ကြသည်။

"みなさん おはようございます。。。。。
အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ。。。。。

私の名前は 松下です。。。。。
ကျွန်တော့်နာမည်က Matsushita ပါ。。。。。"

"အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ。。。。。
အစ်မနာမည်က ရွှမ်လုပါ。。。。。"

ဂျပန်ဦးလေးကြီးနဲ့ စကားပြန်အစ်မတို့ကလဲ ကျွန်တော်တို့ကို ပြန်လည်နှုတ်ဆက်ကြသည်။

"ဒါနဲ့.....မင်းတို့ ဘာလို့ထွက်လာတာ နောက်ကျနေကြတာလဲ....."

အစ်မက ကျွန်တော်တို့ immigrationက‌နေ ထွက်လာတာ နောက်ကျတာကို စိုးရိမ်သလိုကြည့်၍ မေးလာသည်။

"ကျွန်တော်ဖြတ်တဲ့ immigration က ကွန်ပျူတာစက် ပျက်နေလို့အစ်မ....."

"ဪ.....အေးအေး ရိပေါ် .....အစ်မလဲ ကြုံဘူးတယ် အစ်မနားလည်ပြီ....."

ကျွန်တော်ပြောလိုက်တော့ အစ်မက သဘောပေါက်သွားဟန်နဲ့ ရယ်ပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ ပြောလာ၍ ကျွန်တော်တို့အားလုံး ထပ်ရယ်မိကြသေးသည်။

"အစ်မ.....ပြီးတော့.....ကျွန်တော်လဲ Toilet မှားဝင်မိလို့.....အဲ့ဒါ.....တောင်းပန်နေတာနဲ့ ကြာသွားတာ....."

"ဟင်း.....ဖြစ်ရမယ်....."

ရှက်ရှက်နဲ့ ပြောနေသော ယွီပင်းနဲ့ နှာမှုတ်ပြီး ပြောနေသော အစ်မရွှမ်လုတို့ကို ကြည့်ရင်း ကျွန်တော်တို့ရဲ့ ရယ်သံတွေက ပိုမြိုင်ဆိုင်သွားသည်။

   PADAUK OF SAKURA 💚❤️Where stories live. Discover now