PART -4 💚❤️

158 7 0
                                    

Unicode ###

"ဟူး.....မောလိုက်တာ....."

"ဘာလို့..... အမြန်လျှောက်နေတာလဲ မသိဘူး....."

"ငါတို့တော့.....ခြေတိုတော့မှာပဲ....."

အရှေ့က လမ်းအမြန်လျှောက်နေတဲ့ ဂျပန်ဦးလေးကြီးနောက် အမြန်လိုက်ကြရင်း သုံးယောက်သားညည်းညူမိကြသည်။

အစ်မရွမ်လုကတော့ ကျွန်တော်တို့အဖွဲ့ရဲ့ နောက်မှာ မောမောနဲ့ ‌ခြေတံတိုတိုလေးတွေနဲ့ ဖြည်းဖြည်းလိုက်လာရင်း.....

"ဒီလူ.....အရပ်ရှည်တိုင်း သူ့ခြေလှမ်းကျဲကြီးတွေနဲ့
အမြန်လျှောက်နေတာ.....ငါတို့တော့ အမောဆို့ပြီးကြွကုန်တော့မှာပဲ.....နောက်ကလူတွေကို လှည့်မကြည့်ပဲနဲ့ သူ့ဘာသူသွားနေတာ.....နေပါစေ လွှတ်ထားပေး လိုက်တော့....."

အစ်မရဲ့ စကားနဲ့ ပုံစံကိုကြည့်ပြီး တစ်ဖွဲ့လုံး မောနေတာတောင် ဘယ်ရောက်မှန်းမသိ ရယ်လိုက်မိကြသည်။

အရပ်ရှည်ရှည်နဲ့ ဂျပန်ဦးလေးကြီးကတော့ ရယ်သံတွေကြားမှ နောက်ပြန်လှည့်ကြည့်လာသည်။

အစ်မက ဆက်သွားဆိုတဲ့ လက်အမူအရာပြရင်း တစ်ဖွဲ့လုံးလဲ ခပ်မြန်မြန် လိုက်ခဲ့လိုက်ကြသည်။

သင်တန်းရောက်တော့ 9:30ဖို့ 8မိနစ်လောက်လိုသေးသည်။15မိနစ်လောက် အေးဆေးလျှောက်လို့ ရတာကို 7မိနစ်တည်းနဲ့ လျှောက်လိုက်ရသောကြောင့် လူတွေက မလှုပ်ချင်ကြတော့။

ဒီဂျပန်ဦးလေးကြီးကတော့ သူကဖြင့် အလုပ်သမားဖြစ်ပြီး ငါတို့ကို ပညာပြနေပြီ။

"私は みなさんに教える先生です。。。。。
ငါက မင်းတို့ကို စာသင်ပေးမယ့် ဆရာပါ....."

တွေးနေတုန်းရှိသေး အတန်းထဲ ဝင်လာပြီး မိတ်ဆက်လာသောလူကြောင့် သူတို့အားလုံး မျက်လုံးပြူးသူကပြူး ပါးစပ်အဟောင်းသား ဖြစ်သူကဖြစ်နဲ့ အတန်းရှေ့က လူကိုကြည့်‌နေကြရင်း အားလုံးမတ်တပ်ထရပ်လိုက်ကြပြီး အရိုသေပေးလိုက်ကြကာ.....

"はい.....先生。。。。。
ဟုတ်ကဲ့ပါ.....ဆရာ。。。。。"

အလုပ်သမားလို့ ထင်ခဲ့တဲ့ ဂျပန်ဦးလေးကြီးက သူတို့ကို စာသင်မယ့်ဆရာတဲ့။အချိန်တိကျမှ ကြိုက်သလို စည်းကမ်းကလဲ ဘာကြီးသလဲ မမေးနဲ့။သူတို့တွေလိုမျိုး လွဲစိန်တွေနဲ့တော့ တွေ့ကြပြီပေါ့‌လေ။

   PADAUK OF SAKURA 💚❤️Where stories live. Discover now