Unicode ###
"ယွီပင်း.....မင်း.....ခဏနေတုန်းကမှ သွားထားတာမဟုတ်ဘူးလား....."
"ငါသွားချင်လို့ မဟုတ်ဘူး.....မင်းတို့ မသွားချင်ဘူးဆိုတာလဲသိတယ်....."
ရိပေါ်က လမ်းကူးပြီးဒီဘက် ရောက်လာတော့မှ သတိရသလိုနဲ့ မေးလိုက်တော့ ယွီပင်းက စုံထောက်မောင်စံရှား ဒီဇိုင်းနဲ့ ပြောလာသည်။
"ဒါဆို.....ဘာဖြစ်လို့.....ငါတို့နဲ့ လိုက်လာတာလဲ....."
"ဘာဖြစ်ရမလဲ.....မင်းတို့နှစ်ယောက် အကြောင်းသိလို့.....မြွေမြွေချင်း ခြေမြင်လို့ပေါ့ကွ....."
"ဟမ်.....မင်းရောမြင်လိုက်တာလား....."
ဖန်ရှင်းက နှုတ်ခမ်းတွန့်ပြပြီး ထပ်မေးလိုက်တော့ရိုက်ပေါက်ပုံစံနဲ့ ပြောလာတဲ့ယွီပင်းကို နှစ်ယောက်သား မတိုင်ပင်ပါပဲ ပြိုင်တူမေးလိုက်မိကြသည်။
"အစကတော့.....ငါမမြင်သေးဘူး.....မင်းတို့နှစ်ယောက် တိုးတိုး တိုးတိုးပြောလိုက်.....ဟိုဘက်ကြည့်လိုက် လုပ်နေတော့မှ.....ငါသိသွားတာလေ.....ဒါမျိုးဆို.....ငါ့ကို ချန်ခဲ့လို့ ဘယ်ဖြစ်မလဲကွ....."
"ငါတို့က.....ချန်ခဲ့မလို့ မဟုတ်ပါဘူးကွာ.....မင်းကို လှမ်းခေါ်နေရင် သူများတွေ သိကုန်မှာစိုးလို့.....နော် ဖန်ရှင်း....."
"ဟုတ်တယ်.....အခုတောင် ဘယ်သူမှ
မသိခင်.....မြန်မြန်သွားရအောင်....."ဒီလိုနဲ့ သုံးယောက်သား အတိုင်အဖောက်ညီစွာ သူတို့လာတွေ့တဲ့ idols နှစ်ယောက်ရှေ့အရောက်.....
"안녕하세요。。。。。
မင်္ဂလာပါ。。。。。만나서 반가워요。。。。。
တွေ့ရတာ ဝမ်းသာပါတယ်。。。。。우리는 엑소엘 팬보이입니다。。。。。
ကျွန်တော်တို့က EXO-L Fanboys များဖြစ်ပါတယ်ခင်ဗျ。。。。。"ခါးကို90'ကုန်း၍ အသံတူ နှုတ်ဆက်နေသော သူတို့သုံးယောက်ကို ရုတ်တရက် ကြောင်အစွာ ကြည့်နေမိသော လူနှစ်ယောက်.....
သူတို့သုံးယောက်လဲ ဘာတုံ့ပြန်သံမှ မကြားရ၍ ခါးကို ဖြည်းဖြည်းချင်းမတ်ပြီး ခေါင်းမော့အကြည့်.....
"ဟိုက်.....အမေ့....."
"အယ်.....ဘယ်လိုလုပ်ရမလဲ.....သွားပါပြီ....."
YOU ARE READING
PADAUK OF SAKURA 💚❤️
RomanceUnicode ##### "ကျွန်တော့်ရဲ့ အနှစ်သက်ရဆုံး တစ်ခိုင်တည်းရှိသော ပိတောက်ပန်းပိုင်ရှင် Zhan Ji Chan....." #Wang Yi Bo 💚❤️ "ကိုယ့်ရဲ့ အမြတ်နိုးရဆုံး တစ်ပွင့်တည်းရှိသော ဆာကူရာပန်းလေး Yi Chan Ko....." #Xiao Zhan 💚❤️ Zawgyi ##### "ကျွန်တော့်ရဲ့ အနှစ်သက...