PART -6 💚❤️

132 6 0
                                    

Unicode ###

🎶 What a life..... What a life.....
What a life.....🎶

🎶 What a life..... What a life.....
What a life.....🎶

🎶 What a life..... What a life.....
What a life.....

Life is good..... Life is good.....🎶

ခေါင်းရင်းမှ နှစ်ကြိမ်မြောက် နှိုးစက်သီချင်းသံ
မြည်နေသောဖုန်းကို မျက်လုံးမဖွင့်ပဲ အိပ်နေရင်း
စမ်းပြီး ပိတ်လိုက်ကာ နားကို စောင်ဖြင့်အုပ်၍ နောက်ထပ်(5)မိနစ်စာလောက် ရိပေါ်တို့တစ်ယောက် ပြန်အိပ်လိုက်ပြန်သည်။

Alarm မြည်သံက (5)မိနစ်ခြားကို (3)ခါမို့ 7:00AMထားရင် နောက်ဆုံးမြည်သံ 7:15AMထိအိပ်ပျော်သွားလို့ 6:45AM ကိုပြောင်းထားလိုက်တယ်။

တစ်ခါတစ်လေဆို ပထမအကြိမ်နဲ့ ဒုတိယအကြိမ်
Alarm မြည်ရင် အိပ်မက်ထဲလိုလို ဘာလိုလိုဖြစ်ပြီး
ဘယ်လိုပိတ်မိလို့ ပိတ်လိုက်မှန်းတောင်မသိ။

တစ်ချို့မနက်တွေ (မနက်တော်တော်များများ)ကဖြင့်Alarm မြည်သံတောင် မကြားတော့ပဲကို အိပ်ပျော်သွားလိုက်တာ ယွီပင်းနဲ့ဖန်ရှင်းတို့ ငှက်ဆိုးထိုးသံနဲ့ နှိုးကြတော့မှသာ ကယောင်ကတမ်းထပြီး ကိုပျာယာလုပ်ရတာ University တည်းကပင်။

ငယ်ငယ်ကတည်းက ကျောင်းဖွင့်ရက်တွေဆို မအိပ်ခင်ကတော့ သားကို စောစောနှိုးပါဆိုပြီး ရွှန်းရွှန်း ဝေအောင်ပြောတာလဲ နှစ်ယောက်မရှိတဲ့အပြင် မနက်ရောက်ရင်တော့ အိမ်ရှိလူအကုန် နှိုးရပြီး နှိုးလို့မရရင် ကုတင်အောက်ဆွဲချရလို့ဆွဲချရ ၊ ကြက်မွှေးနဲ့ ခြောက်ရလို့ခြောက်ရနဲ့ နှိုးရတဲ့လူတွေရော အနှိုးခံရတဲ့လူပါ တော်တော်လေးကို အလုပ်ရှုပ်ကြရသည်။

"ပေါ် ကြီး.....ထ...ထ...7:00နာရီကျော်နေပြီဟ....."

"ဟား...ဟား...ဖန်ရှင်းရေ...ပေါ် ကြီးကို အခုထိ နှိုးလို့မရသေးဘူးလားကွ... Fighting....."

"အေး...ရယ်မနေနဲ့ ငပင်းရ...ဒီမှာ လာကူနှိုးပေး ဦး....."

"ဟား...ဟား...အခုတော့ စစ်ကူလိုပြီပေါ့....."

"မင်းယောက်ဖပေါ် ကြီးက ဘယ်တုန်းကများ တစ်ယောက်တည်းနှိုးလို့ ရလို့လဲ.....လာမြန်မြန်.....အချိန်နောက်ကျလိမ့်မယ်....."

   PADAUK OF SAKURA 💚❤️Where stories live. Discover now