Unicode ###
"ဪ.....ဒါကြောင့် ငါတို့သူငယ်ချင်း ပေါ် ကြီး က.....မနက်က စက်ရုံမှာ အိမ်သာက ပြန်လာတော့
ရဲကြောက်ဖြစ်နေတာကို.....ငါသာဆိုရင်တော့ အဲ့အရှေ့နားတင် ကြောက်ပြီး ကျောက်ရုပ်ဖြစ်နေလောက်ပီ.....မင်းမို့ အော်ပြီးမြန်မြန် ပြေးလာနိုင်တာ.....""ဟုတ်ပကွာ.....နေ့လည်စာ စားတော့လဲ မှိုဖတ်ကြီး
ကိုင်ပြီး မျက်နှာနီရဲနဲ့ ကြည့်နေလိုက်တာများ.....ငါ သာ ဆိုရင်တော့ ပေါ် ကြီးထက် ပိုဆိုးမှာ.....ရှက် လွန်းလို့ မပြေးနိုင်တော့ပဲ မေ့လဲပြီး ဆေးရုံရောက်
နေပီ.....ငါ့ကောင်ကြီး တော်လိုက်တာ.....""ငါလဲလက်ဆေးပြီး စက်ထဲမှာ လက်အခြောက်ခံနေ
တုန်း..... ကိုယ့်ထက်ရာထူးကြီးတဲ့လူက ဘေးနား
လာရပ်တော့ ဖယ်ပေးပြီး ခေါင်းငုံ့နှုတ်ဆက်လိုက်
တာ.....အဲ့ဒီလူကြီးရဲ့ ဘောင်းဘီဇစ်က ပွင့်နေပါလေ
ရော.....ငါကပြောမလို့ ခေါင်းကိုမော့လိုက်တော့
Osaka Airport က Toilet မှာ အခုလိုမျိုးပဲ တွေ့ခဲ့
တဲ့ ဘောင်းဘီဇစ်ပွင့်နဲ့ လူကြီးဖြစ်နေတာ.....ငါလဲ
နှစ်ခါတောင် မြင်လိုက်ရတာဆိုတော့ ရှက်လဲရှက်
ကြောက်လဲကြောက်ဖြစ်ပြီး သူ့ဇစ်ပွင့်နေတာကို
မပြောနိုင်တော့ပဲ လက်ညှိုးထိုးအော်ပြီး ထွက်ပြေး
လာခဲ့တာ.....သူလဲ လက်ညှိုးထိုးအော်ရင်း အဲ့တိုင်း
ကြီးကျန်နေခဲ့တာ.....သူလဲ ငါ့ကို မှတ်မိတယ်ထင်
တယ်.....""အမယ်လေး.....လေး.....နှစ်ခါတောင် မြင်ဖူးပြီး
သွားပြီပေါ့..... innocent ငါ့သူငယ်ချင်းလေးတော့
သွားပါပြီ.....ဘယ်လိုလုပ်ရပါ့မလဲ.....""အေးလေ.....ငယ်ငယ်ကတည်းက ပေါင်းလာတဲ့
ငါတို့သူငယ်ချင်းတွေ အချင်းချင်းတောင်မှ မမြင်ဖူး သေးဘူး.....""ငရှင်းတို့ကတော့ တစ်ဆုံးထိ တွေးချလိုက်ပြန်ပီ.....
ငါက နှစ်ခါမြင်ဖူးတယ် ဆိုပေမဲ့.....ငါ့အာဂျောရှီးက
Underwear ဝတ်ထားပါသေးတယ်ဟ.....ငါလဲ
အခုထိ innocent ပါပဲနော်.....ငပင်း မင်းကရော
အချင်းချင်း ကြည့်ချင်သေးတယ်ပေါ့.....ငါ
ကတော့ မပြဘူးပဲနော်.....လုံးဝပဲ.....No.....No.....
No.....""မပြရပါဘူး ပေါ် ကြီးရယ်.....ငါကလဲ မကြည့်ချင်
ပါဘူးကွ.....စကားအဖြစ်ပဲ ပြောတာပါ.....မင်းမပြ
မှန်းလဲ ငါတို့သိပါတယ်.....မင်းရဲ့အာဂျောရှီးနဲ့ကျမှ
ပဲ နှစ်ယောက်သား အေးဆေးပြကြပေါ့....."
YOU ARE READING
PADAUK OF SAKURA 💚❤️
RomanceUnicode ##### "ကျွန်တော့်ရဲ့ အနှစ်သက်ရဆုံး တစ်ခိုင်တည်းရှိသော ပိတောက်ပန်းပိုင်ရှင် Zhan Ji Chan....." #Wang Yi Bo 💚❤️ "ကိုယ့်ရဲ့ အမြတ်နိုးရဆုံး တစ်ပွင့်တည်းရှိသော ဆာကူရာပန်းလေး Yi Chan Ko....." #Xiao Zhan 💚❤️ Zawgyi ##### "ကျွန်တော့်ရဲ့ အနှစ်သက...