Part - 1

397 37 6
                                    

Unicode

"ဟေ့ကောင်တွေ ဂျောင်ကုတို့
ကွင်းထဲမှာချနေကြပြန်ပြီဟေ့"

တစ်ယောက်ကအော်လိုက်တာနဲ့ကျန်တဲ့လူတွေကပြတင်းပေါက်ကိုခေါင်းထွက်ပြီးကွင်းထဲကလူနှစ်ယောက်စီအကြည့်တွေကျရောက်လာသည်။

"ထပ်ပြီး ထယ်ယောင်းနဲ့ပဲလား"

"တစ်ကျောင်းလုံးမှာဂျွန်ဂျောင်ကုနဲ့
ရန်ပြိုင်ဖြစ်ရဲတာဆိုလို့သူပဲရှိတာလေ"

ဂျွန်ဂျောင်ကုကပေါ့သေးသေးမဟုတ်၊ J Group ရဲ့တစ်ဦးတည်းသောမြေးမို့တစ်ကျောင်းလုံးကရှိန်နေကြသလိုရန်ပွဲတိုင်းမှာသူကနာမည်ကြီးပင်။

ထယ်ယောင်းကလည်း‌ဂျွန်ဂျောင်ကုနီးတူလူချမ်းသာအသိုင်းဝိုင်းကမို့ဘယ်သူတစ်ဦး
တစ်ယောက်မှသူတို့ရန်ပွဲထဲ၀င်ပြီးမဆွဲရဲကြပါ။

"မင်းတို့ အဲ့တာကိုရပ်ကြည့်မနေပဲ
ဆရာမသွားခေါ်ပါလား ဒုက္ခပါပဲ"

အရေးကြီးသုတ်ပြာထထွက်သွားတဲ့အတန်းခေါင်းဆောင်ကိုသူတို့တစ်သိုက်ခေါင်းခါလိုက်၏။မိုးနတ်မင်းဆင်းပြီးတားတာတောင်သူတို့ငြင်းလို့မပြီးမချင်းရန်ပွဲကမရပ်တာကိုဒီအတန်းခေါင်းဆောင်မသိတာလည်းမဟုတ်ပဲနဲ့။

ဂျွန်ဂျောင်ကုနဲ့ကင်မ်ထယ်ယောင်းရန်ဖြစ်ကြတာ
ကအခုမှမဟုတ်တာ၊အကြောင်းသိတဲ့လူတွေကရပ်သာကြည့်နေကြသည်။

"ဒီတစ်ခေါက်ရောဘာဖြစ်ကြပြန်ပြီလဲ"

ကျောင်းအုပ်ကမေးနေတာတောင်တစ်ယောက်ကိုတစ်ယောက်စူးစိုက်ကြည့်နေတာကရပ်တန့်မသွား။

"ဟေ့ကောင်တွေ ငါမေးနေတယ်လေ!"

"သူကျွန်တော့်ဖင်ကိုလှမ်းကိုင်လို့ပါ ဆရာကြီး"

"ဟေ"

"မဟုတ်ဘူး ဆရာကြီး သူကျွန်တော့်ဘောပင်ကိုအရင်ဖျက်စီးတာ"

"ဟေ့ကောင် မင်းကိုငါပြောပြီးသားလေ ဂျွန်ဂျောင်ကု ငါမမြင်ပါဘူးလို့"

"ဒါဆိုငါ့လက်ကိုတက်နင်းတာကကော မမြင်တာပဲလား မင်းမျက်လုံးကကန်းနေတာလား ဟမ် ကင်မ်ထယ်ယောင်း!!!"

Crazy Where stories live. Discover now