Unicode
ဧည့်ခန်းကဆိုဖာမှာဆူပုတ်နေတဲ့
မျက်နှာဘေးနဲ့ထိုင်နေတဲ့ဂျောင်ကု။အတွေးထဲကင်မ်ထယ်ယောင်းကစိုးမိုးထား၏၊ကောင်းသောအတွေးတော့မဟုတ်၊သူ့မေးရိုးအတွက်ဘယ်လိုလက်တုံ့ပြန်ရမလဲဆိုတာကို။
ကင်မ်ထယ်ယောင်းရဲ့
လက်သီးပြင်းချက်က
သူ့မေရိုးယောင်သွားတဲ့အထိ။"ရန်ဖြစ်ပြန်ပြီလား သား"
အလုပ်ကပြန်လာတဲ့ဒယ်ဒီက
သူ့မြင်တော့မေးလာသည်။"ယောင်္ကျားလေးပဲ ဒယ်ဒီရာ
ရန်ဖြစ်တာအဆန်းမဟုတ်ဘူး""လက်သီးသုံးတာကယောကျာ်းကောင်း
တစ်ယောက်ဖြစ်မသွားစေဘူး သားတကယ့်ယောကျာ်းတွေကအရည်ချင်းနဲ့ပြိုင်ရတယ်၊ဘေးအိမ်ကကလေးကိုနိုင်ချင်ရင်အရည်ချင်းနဲ့ပြိုင်၊ဒယ်ဒီတို့လူကြီးချင်းပြိုင်တယ်ဆိုတာက စီးပွားရေးအရပဲ သား လူမှုရေးမပါဘူး"
တကယ်တမ်းအထိုးခံရတာသူပါလို့
ပြောချင်ပင်မဲ့လည်းဒယ်ဒီ့အပြောကို
ဂျောင်ကုခေါင်းသာငြိမ့်ပြလိုက်သည်။"မင်းမာမီ ဖုန်းဆက်တယ် သူ့ကိုဖုန်းခေါ်ပါဦးတဲ့"
"မေမေလေးဆန်ပြုတ်ပြင်ပေးမယ် သား"
"မဟုတ်တာ မေမေလေးကလည်း"
"ဆန်ပြုတ်သောက်လိုက် ဂျောင်ကု
ဆရာ၀န်ခေါ်ပေးရမယ်ဆိုကြိုပြောဦး"ကင်မ်ထယ်ယောင်းကိုဒေါသထွက်သမျှ
လိုက်စနေတဲ့ဒယ်ဒီကိုမျက်စောင်းတွေ
ပိတ်ထိုးပြီးအပေါ်တက်လာလိုက်သည်။"ဟယ်လို မာမီ"
*Hello my sweetie Jason*
ဖုန်းထဲကမာမီ့အသံဟာ
ပျော်နေမှန်းသိသာသည်။"ဒီတစ်ခေါက်ကော ဘာဖြစ်ပြန်ပြီလဲ"
မှားယွင်းပြီးသူ့ကိုရလာလို့လက်ထပ်ထားတဲ့ဒယ်ဒီတို့ရဲ့အိမ်ထောင်ရေးဟာသူသိတတ်တဲ့အရွယ်မှာပင်ပြတ်ဆဲသွားခဲ့သည်။
ဒယ်ဒီနဲ့မာမီကလူမျိုးခြားတွေမို့နားလည်မှုချင်းလည်းမတူညီကြပဲကွဲကွာသွားကြသည်။
YOU ARE READING
Crazy
FanfictionJeon Jungkook x Kim Taehyung KookV Myanmar Fanfiction Top kook + Vottom ( Zawgyi+ Unicode)