Part - 8

199 13 0
                                    

Unicode

"မင်း လူရမ်းကား! "

အိမ်ထဲသို့ဆွဲသွင်းခံလိုက်ရတဲ့ထယ်ယောင်းမှာ
လန့်ပြီးသကောင့်သားလည်ပင်းကိုဖက်မိကာသူ့ရင်ခွင်ထဲသို့တန်းမတ်စွာရောက်ရှိသွားလေသည်။

ထယ်ယောင်းအိမ်ထဲရောက်တော့သူကတံခါးကိုပိတ်ကာထယ်ယောင်းကိုနံရံဘက်ကပ်စေပြီး

သူ့လက်နှစ်ဖက်ကိုထယ်ယောင်းဘေးတွင်ထောက်ထားကာမျက်နှာချင်းထိလုမတတ်အနေထားကိုရောက်သွားသည့်အဖြစ်ပျက်ကမြန်ဆန်လွန်းပြီးထယ်ယောင်းရင်တွေပါတုန်လာခဲ့သည်။

ယောင်္ကျားလေးချင်းပင်မဲ့သူ့ဗလကထယ်ယောင်းထက်ကြီးတာမို့အနည်းငယ်တော့လန့်မိပါသည်။

"ဟ! အလာကြီးပါလား အခုမင်းရောက်နေတဲ့နေရာကငါ့ပိုင်နက်နော် ကင်မ်ထယ်ယောင်း တကယ်ရမ်းကားတယ်ဆိုတာဘာလဲပြပေးရမလား ငါကမင်းကိုသိပ်လိုချင်နေတဲ့ကောင်နော်"

ထိုစကားကြောင့်ထယ်ယောင်း‌ရှက်ပြီးပူထူ
လာကာသူ့ကိုယ်ကိုဆောင့်တွန်းပစ်လိုက်၏။

"မမိုက်ရိုင်းနဲ့ ဂျွန်ဂျောင်ကု
ငါအခုလာတာကမင်းနဲ့ညှိဖို့"

"ဟား ဟုတ်ပြီလေ ညှိတာပေါ့
ငါကမင်းကိုအလိုလိုက်ချင်ပါတယ်"

Ring...Ring...Ring

ထိုဖုန်းမြည်သံကထယ်ယောင်းဆီကမို့
သူဖယ်ပေးကာဝိုင်သွားငှဲ့နေလေသည်။

"ဖုန်းအရင်ကိုင်လိုက် ငါတို့အတွက်အချိန်တွေကသိပ်ကို‌ပေါနေတာမို့ အေးဆေးပြောကြတာပေါ့"

သူ့မဲ့ပြုံးတွေကသိပ်ကိုဆွဲဆောင်မှုရှိနေပြီး
တစ်ချိန်တည်းမှာပဲထယ်ယောင်းအတွက်
မုန်းချင်စရာလည်းကောင်းနေခဲ့ပြန်သည်။

"ထယ်ယောင်း မင်းအဆင်ပြေရဲ့လား ငါအခုမင်းဆီကိုလာနေတာ ခဏလောက် ငါတို့စကားပြောကြမလား"

သတင်းတွေကြောင့်ဂင်ဂျူဂျင်းကစိတ်ပူကာ
ထယ်ယောင်းကိုဖုန်းဆက်လာတာဖြစ်သည်။

"ဂျူဂျင်း ငါအခုမအားသေးဘူး စိတ်ပူပေးလို့ကျေးဇူးပဲ ငါပြန်ဆက်သွယ်ပါ့မယ် ဒါပဲနော်"

Crazy Where stories live. Discover now