Part - 4

248 25 4
                                    

Unicode

ကျောင်းထဲ၀င်တည်းကဟိုလူဒီလူလိုက်ကြည့်နေတာမို့ထယ်ယောင်းအနေရခက်လာသည်။အရင်နေ့လိုတွေမဟုတ်ပဲဒီနေ့မှထူးထူးဆန်းဆန်းသူ့ကိုလိုက်ကြည့်နေကြတာ။

အတန်းထဲကလူတွေရဲ့တီးတိုးစကားသံကသူ့စိတ်ကိုတုန်လှုပ်စေခဲ့သည်။

"ဂျောင်ကု ကျောင်းပြောင်းသွားပြီဆို"

"အင်း အဲ့တာကလည်းထယ်ယောင်းကြောင့်တဲ့"

ဘေးခုံအလွှတ်ကိုအကြောင်းမဲ့
ငေးမိသွားတယ် တကယ်ပဲလား။

'ဘာလဲ မင်းက ပျော်နေရမှာမဟုတ်ဘူးလား
မင်းကိုနှောင့်ယှက်မဲ့အယုတ်တမာကောင်မရှိတော့ဘူးလေ ၀မ်းနည်းနေတဲ့ဒီခံစားချက်ကဘာလဲ ကင်မ်ထယ်‌ယောင်းရဲ့'

"ထယ်ယောင်း ဘယ်လိုဖြစ်ကြတာလဲ"

အတန်းခေါင်းဆောင်ဟိုဆော့ကလည်းကြောင်တောင်တောင်မေးလာသည်။

ထယ်ယောင်းခေါင်းသာရမ်းပြလိုက်သည်။
မနေ့ကသူပြောလိုက်တဲ့စကားကြောင့်လား?

"ငါ မင်းကိုမုန်းလိုက်တာ ဂျွန်ဂျောင်ကုရယ်
ငါ့ဘ၀ထဲကမင်းထွက်သွားရင်ကောင်းမယ်"

ဒေါသထွက်လို့ပြောလိုက်မိပင်မဲ့ကျောင်းပြောင်းသွားတဲ့အထိတော့ထယ်ယောင်းမဖြစ်စေချင်ပါ။

"ယူမီပြောတာတော့ မင်းတို့မနေ့ကရန်ဖြစ်ကြတယ်ဆို မင်းကဂျောင်ကုကိုထွက်သွားရင်ကောင်းမယ်လို့ပြောလိုက်တာကိုယူမီကကြားလိုက်တယ်တဲ့ အခုတစ်ကျောင်းလုံးကမင်းကြောင့်လို့ထင်နေကြတာ"

' ဂျွန်ဂျောင်ကု! ဒင်းကျောင်းပြောင်းသွားတာတောင် ငါ့ကိုဒုက္ခပေးသွားသေးတယ် '

အခုတော့တစ်ကျောင်းလုံးရဲ့အသိမှာ
ထယ်ယောင်းကပဲလူဆ်ိုးကြီးဖြစ်ရပြန်ပြီ။

"ငါအဲ့လိုပြောလိုက်တာမှန်ပင်မဲ့
တကယ်ဖြစ်စေချင်‌လို့မဟုတ်ဘူး"

ကျောင်းတက်သွားတဲ့အချိန်ထိသူမရောက်လာတာမို့တကယ်ထွက်သွားပြီမှန်းထယ်ယောင်းသိလိုက်သည်၊အဲ့လိုကျတော့လည်းသူစိတ်မကောင်း၊သူ့ကိုယ်သူလည်းဘာလို့ဒီလိုတွေခံစားနေရလဲဆိုတာထယ်‌ယောင်းနားမလည်တော့ပေ။

Crazy Where stories live. Discover now