Part - 7

227 17 2
                                    

Unicode


ကားကို၀ပ်ရှော့ထံထယ်ယောင်းအပ်ခဲ့ပြီးအငှားကားနဲ့သာချိန်းဆိုထားတဲ့မိန်းကလေးဆီလာခဲ့သည်။

"ဆောရီး ကိုယ်နောက်ကျသွားတယ်"

"ဒါရိုက်တာကင်မ်ဆိုပြီးနာမည်ကြီးနေလို့တို့ကအထင်ကြီးနေတာ ဒါပေမဲ့ ယူကအချိန်မလေးစားလိုက်တာ ပထမဆုံး date မှာတောင်အချိန်ကိုမလေးစားတာလက်ထပ်ပွဲကျဘယ်လိုလုပ်မလဲ"

"ဘာဗျ !!!"

ထယ်ယောင်းအသံကကျယ်သွားတာမို့ဆိုင်ထဲကလူတွေပါကွက်ကြည့်ကြည့်လာလေသည်။

"ယူကတစ်ဖက်မိန်းကလေးတို့ထက်နောက်ကျနေတာလေ ပထမဆုံး date မှာဒီလိုကြီးဖြစ်မနေသင့်ဘူးမဟုတ်လား ယူကယဉ်ကျေးမှုမရှိဘူးပဲ"

ထယ်ယောင်းစိတ်အချဉ်ပေါက်သွား၏၊တစ်ဖက်မိန်းကလေးကမိတ်မဆက်ပဲဇွတ်တွေသူ့ကိုဝေဖန်နေပြီးထယ်ယောင်းကပဲမယဉ်ကျေးဘူးဖြစ်ရသေးတယ်။

မိန်းမတွေအကုန်လုံးကဒီလိုပဲလား။

အရင်လိုစပ်စပ်ထိမခံကင်မ်ထယ်ယောင်းသာဆိုရင်ထိုမိန်းကလေးကိုပိုဆိုးပက်စက်ပြန်ပြောနေမိလောက်ပြီ၊

အခုကကျမေမေချိန်းထားတဲ့သူဖြစ်တာကတစ်ကြောင်း၊သူကိုယ်တိုင်ကရာထူးကြီးနေရာမှာရပ်တည်နေတဲ့သူမို့ထယ်ယောင်းစိတ်ထိန်းလိုက်၏။

"ကိုယ်လမ်းမှာအသေးစား accident ဖြစ်လာတယ် ကိုယ့်ကားတောင်၀ပ်ရှော့ပို့ခဲ့ရတော့နောက်ကျသွားတာ ကိုယ်မယဉ်ကျေးသွားဘူး ဒါပေမဲ့မင်းလည်းရိုင်းတာပဲလေ အခုတွေ့တဲ့လူတစ်ယောက်ကိုအကြောင်းမသိပဲဝေဖန်နေတာ"

မဟုတ်မခံဆိုတဲ့ဂုဏ်ပုဒ်အတိုင်းကင်မ်ထယ်ယောင်းတို့ပြန်ပြောမိတော့တာပါပဲလေ။    ။

"အဟင်း ထားပါ တို့နာမည်ဂိုမာရီ ယူ့မေမေကသိပ်မျက်စိမြင်တတ်တာနော် တို့ကိုချွေးမတော်ချင်တယ်ဆိုပဲ တို့ကအရာရာမှာတော်တယ်လေ"

ထယ်ယောင်းဂိုမာရီကိုကြည့်နေရင်
အတော်လေးပင်စိတ်ပျက်လာသည်။

ဒီတစ်ခါ date က အတော်လေးကိုဆိုးရွားလွန်းပြီးစိတ်ကြီး၀င်နေတဲ့မိန်းကလေးနဲ့မှလာတွေ့ရတယ်လို့၊

Crazy Where stories live. Discover now