Part - 5

242 20 0
                                    

Unicode

"ကိုကို"

ထိုအသံကြောင့် ဂျေဆင်စိတ်ညစ်သွား၏။
အသံလာရာကိုစိတ်ပျက်နေတဲ့မျက်နှာနဲ့လှမ်းကြည့်လိုက်တော့နှစ်ယောက်မရှိတဲ့ဒေလီယာ။

"အရွယ်ရောက်နေတဲ့ယောကျာ်းတစ်ယောက်အခန်းထဲကိုလက်လွှတ်စပယ်ဝင်လာရလား"

"အရင်ကလည်း၀င်နေကြပဲကို"

ဒေလီယာကမာမီ့လုပ်ဖော်ကိုင်ဖက်ရဲ့သမီးဖြစ်သလိုတစ်ခြံကျော်မှာနေသည်မို့ဂျေဆင်ကိုဆိုကပ်လွန်းသည်။

"ငါတို့နှစ်ယောက်လုံးကအရင်လိုမဟုတ်တော့ဘူးလေ နောက်ခါ၀င်မလာနဲ့ ငါမကြိုက်ဘူး ကိစ္စရှိရင်အောက်မှာစောင့်နေ မစောင့်နိုင်ရင်ပြန်"

အဆူခံလိုက်ရတဲ့ဒေလီယာမှာဆူပုတ်ပုတ်နဲ့အခန်းထဲကပြန်ထွက်သွားသည်။

"ဂျေဆင် company သွားတော့မလို့လား"

ဘွဲ့ရပြီးလည်းသူအေးဆေးမနေရ၊အဘိုးလည်းနေမကောင်းတာကြာပြီမို့အမြန်လက်လွှဲချင်သည်တဲ့။

ထို့ကြောင့်သူလုပ်ငန်းစုကိုဆက်ခံရတော့မည်၊ရုံးချုပ်ကိုမွေးရပ်မြေထံပြောင်းရွေ့ဖို့ပါအမြန်ဆုံးလုပ်ရပေမည်။

ဒါမှသာတစ်ယောက်သောသူနဲ့
ဂျေဆင်နေ့တိုင်းတွေ့နိုင်မှာပင်။

"ဒေလီ့ကို market ထဲ၀င်ပို့ပေးလိုက်ဦး သူ့အိမ်ကမအားလို့တဲ့ မာမီ့ကိုအကူညီတောင်းထားတာ"

"ကျစ်! မာမီ့ကိုအကူညီတောင်းတာလေ ကျွန်တော့်ကိုမှာမဟုတ်တာ!မာမီလိုက်ပို့လိုက်ပေါ့!"

"ဂျေဆင် မာမီ့မျက်နှာကိုထောက်ဦးလေ"

"သွားမယ် ဒေလီယာ" ဟု ဆိုကာခြံထဲမှကားကိုအကြမ်းပတမ်းဆောင့်မောင်းသွားသူကြောင့်မိခင်ဖြစ်သူမှာဘုရားသခင်လို့သာတနေမိသည်။

သူ LA ကိုရောက်တည်းကသူ့ကိုအတင်း
လိုက်ကပ်နေတဲ့ဒေလီယာကိုမကြိုက်ပါ။

ခင်လို့ပဲကပ်ကပ်၊သဘောကျနေလို့ပဲကပ်ကပ်၊ဒေလီယာကိုသူ့အတွက်စိတ်ရှုပ်စရာတစ်ခုလို့သာမြင်သည်။

တကယ်ဆိုဒေလီယာကအတော်လေးလှပါတယ်၊အနောက်တိုင်းသူမို့မျက်၀န်းပြာနဲ့ရွှေ၀ါရောင်ဆံပင်ကောက်ကောက်လေးတွေရှိသည်။

Crazy Where stories live. Discover now