Ch.105

2.2K 180 1
                                    

UNICODE

ရဲ့ဖန်သည် တိပ်ခွေကို မီးခံသေတ္တာထဲသို့ ပြန်ထည့်လိုက်ပြီး စကားဝှက်ကို အသစ်ပြောင်းလဲလိုက်သည်။

မမျှော်လင့်ထားသော ကိစ္စတစ်စုံတစ်ရာ မဖြစ်ပွားစေရန်အတွက် ရဲ့ဖန်သည် သူမအိမ်ပြန်လာတိုင်း မီးခံသေတ္တာ စကားဝှက်ကို ပြောင်းလိမ့်မည်ဖြစ်သည်။

ရဲ့ဖန်သည် စာကြည့်ခန်းတံခါးကို သော့ခတ်ပြီး ဟဲဟန်နှင့်အတူ ထွက်လာခဲ့သည်။

ဟဲဟန် က သူမကို မေးလေသည်။
"မင်း ဟိုတယ်ကိုပဲ ပြန်မှာလား?"

ရဲ့ဖန် ခေါင်းခါလိုက်ပြီး
"မနက်ဖြန်မနက်ကျ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့ကို လိုက်ပို့ပေးဖို့ ကျွန်မ ဒရိုက်ဘာကို ပြောထားပြီးသား"

"နောက်ကျနေပြီမို့ ကိုယ်လည်း ဒီည မင်းအိမ်မှာပဲ အိပ်လိုက်တော့မယ်"
ဟဲဟန်က သူမ မငြင်းစေရန် စကားတစ်ခွန်းကို ဆက်ပြောလိုက်သည်။
"မင်း စိတ်ထဲမထားဘူးမို့လား?"

ရဲ့ဖန် ခေတ္တရပ်လိုက်ပြီး ဟဲဟန်၏မျက်လုံးများကို ကြည့်ကာ သူမ အများကြီးတွေးမနေတော့ဘဲ ပြောလေသည်။
"ကျွန်မ စိတ်ထဲ မထားပါဘူး။"

ဟဲဟန်၏ နှုတ်ခမ်းများ ကွေးတက်သွားကာ အနည်းငယ် ပြုံးလိုက်သည်။

ရဲ့ဖန်သည် တစ်နေကုန် အလုပ်ရှုပ်နေခဲ့သဖြင့် ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေရန် ရေနွေးနွေး‌နှင့် ရေချိုးလိုက်သည်။

သူမလက်ထဲတွင် ဇာတ်ညွှန်းကိုကိုင်ထားပြီး ကုတင်ပေါ်တွင် ထိုင်နေလေသည်။မနက်ဖြန်မှာရိုက်ကူးမည့် ဇာတ်ညွှန်းစားသားလိုင်းတွေကို သူမထပ်ပြီး ပြင်ဆင်ရပေသည်။ဇာတ်ဝင်ခန်းတိုင်းကို ထပ်ခါထပ်ခါ အကောင်းဆုံးရိုက်ကူးနိုင်ဖို့ သူမ မျှော်လင့်ထားပေသည်။

ဟဲဟန်သည် ရဲ့ဖန်ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူကဖုန်းကို ငုံ့ကြည့်လိုက်ရင်း မစ္စ ဟဲထံမှ လက်ခံရရှိထားသည့် message တစ်စောင်ကို ဖတ်လိုက်သည်။

"တူးတူးလေး အိပ်သွားပြီ။သူ အိပ်ရာမဝင်ခင် နွားနို့ပူပူတစ်ခွက်တိုက်ပြီး သွားတွေကို သေချာတိုက်ပေးထားတယ်။"

ဗီလိန်လေး၏ မာမီအဖြစ် ရှင်သန်ခြင်း Completed ✓Where stories live. Discover now